𝐑𝐎𝐘𝐀𝐋 𝐓𝐀𝐖 𝐖𝐈𝐍 𝐍𝐀𝐍

  • Home
  • United States
  • Katy, TX
  • 𝐑𝐎𝐘𝐀𝐋 𝐓𝐀𝐖 𝐖𝐈𝐍 𝐍𝐀𝐍

𝐑𝐎𝐘𝐀𝐋 𝐓𝐀𝐖 𝐖𝐈𝐍 𝐍𝐀𝐍 Helping Stay-Home Moms to build a Successful Digital Business.

09/26/2026

💁September လထဲမှာ ဒုတိယအကြိမ်မြောက် နေ့ဆွမ်းဆက်ကပ် လှူဒါနိးခွင့်ရခဲ့တဲ့

ပီတိအပြည့်နဲ့ ဖြတ်သန်းခွင့်ရတဲ့ အမှတ်တရ နေ့လေးကို
🇺🇸 FAMILY STORY (37) အဖြစ်

သားလေးနဲ့အတူတူ ကုသိုလ်ယူဖြစ်ခဲ့တဲ့
ဒီနေ့ကတော့ ကျွန်မအတွက် မမေ့နိုင်တဲ့ အမှတ်တရနေ့လေးတစ်နေ့ပါ။

September 27 မှာ Grand Opening လုပ်မယ့် 🍣 Sushi & Boba. 🧋 ဆိုင်လေးမှာ

မိတ်ဆွေနဲ့အတူ ဘုန်းဘုန်းအတွက် ဆွမ်းကပ်ဖို့ မနက်အစောကြီးကတည်းက ဟင်းတွေပြင်ဆင်၊ ချက်ပြုတ်ပြီး အားလုံးကို သေသေချာချာ ပြင်ဆင်ခဲ့ကြပါတယ်။

မနက် ၃ နာရီလောက်အထိ မအိပ်ဘဲ ပြင်ဆင်ချက်ပြုတ်ခဲ့ရပေမယ့် ကုသိုလ်အလုပ်လေးဖြစ်တာကြောင့် ပင်ပန်းတယ်လို့တောင် မထင်မိပါဘူး။

ပီတိအပြည့်နဲ့ လုံးဝမအိပ်ချင်ခဲ့တာအမှန်ပါ 🙏

မိတ်ဆွေနဲ့အတူ ဘုန်းဘုန်းကို နေ့ဆွမ်းကပ်အပြီး အတူတူ ၊ တရားနာ၊ ကုသိုလ်ယူခဲ့ကြပါတယ်။ ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ကုသိုလ်ပြုရတဲ့အချိန်လေးဟာ စိတ်အေးချမ်းမှုနဲ့ ပီတိကို တကယ်ပေးနိုင်ပါတယ်။ 🌿

ကုသိုလ်အလုပ်ပြီးတော့ မိတ်ဆွေတွေနဲ့အတူတူ နေ့လည်စာလေး စားဖြစ်ကြသည်ပေါ့

ကျွန်မချက်ယူသွားတဲ့ဟင်းတွေရော မိတ်ဆွေတွေရဲ့ ဟင်းတွေရော စုလို့ပါ

USA 🇺🇸 မလာခင်တုန်းက ဒီလို အခွင့်အရေးတွေရှိပါ့မလားစိတ်ပူခဲ့ရတယိ

USA 🇺🇸 ရောက်ပြီး ကုသိုလ်တွေခုပ်နိုင်ဖို့ အချိန်တွေရခဲ့တယ် ဒါပေမယ့် မြန်မာပြည် မှာတုန်းကလို စိတ်တိုင်းကျ လှူဒါန်းခွင့် မရှိသေးတဲ့အတွက် တော့ အများကြီး
ကြိုးစားရပါဦးမည်

ဒီနေ့တစ်နေ့လုံးကို ပြန်ကြည့်လိုက်ရင်—

🙏 ကုသိုလ်ပြုခဲ့ရတဲ့ ပီတိ
🤝 မိတ်ဆွေတွေနဲ့အတူရှိခဲ့ရတဲ့ ပျော်ရွှင်မှု
🍣 အတူတူစားသောက်ပြီး ဖန်တီးခဲ့တဲ့ အမှတ်တရတွေ…

အရာအားလုံးပေါင်းစပ်ပြီး ပင်ပန်းပေမယ့် စိတ်ချမ်းသာရတဲ့ တန်ဖိုးရှိသောနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

အသက် 50 ကျော်လာတဲ့အခါ ကျွန်မ ပိုပြီးနားလည်လာတာက—

ဘဝရဲ့တန်ဖိုးဆိုတာ ကိုယ်ဘယ်လောက်ပိုင်ဆိုင်ထားသလဲဆိုတာထက်၊ ကောင်းမှုလေးတွေလုပ်ရင်း ကိုယ်ချစ်ခင်ရသူတွေနဲ့ အမှတ်တရကောင်းတွေ ဘယ်လောက်ဖန်တီးနိုင်ခဲ့သလဲဆိုတာမှာ ပိုရှိပါတယ်။

Family • Friendship • Giving • Supporting Each Other
ဒါတွေကပဲ ကျွန်မရဲ့ 50+ Second Life မှာ ပိုပြီးတန်ဖိုးထားချင်တဲ့အရာတွေပါ။ 🌷





09/26/2026

💁ဒီမေးခွန်းပိုင်ရှင်လေးအတွက်ဖြေကြားပေးလိုက်ပါတယ်ရှင်

💁”Good Vibes, Good Life” ကနေ ကျွန်မသင်ယူ မိတဲ့ သင်ခန်းစာ (၁၀)ခု❓🤔🌹WHAT ARE THE LESSONS FROM “GOOD VIBES, GOOD LIFE”?🌹”Go...
09/25/2026

💁”Good Vibes, Good Life” ကနေ ကျွန်မသင်ယူ မိတဲ့ သင်ခန်းစာ (၁၀)ခု❓🤔

🌹WHAT ARE THE LESSONS FROM “GOOD VIBES, GOOD LIFE”?

🌹”Good Vibes, Good Life” ကနေ ကျွန်မတို့ ဘာတွေ သင်ယူနိုင်မလဲ?

Good Life ဆိုတာ ပြဿနာမရှိတဲ့ Perfect Life တစ်ခုကို ဆိုလိုတာမဟုတ်ပါဘူး။

ကိုယ့်အတွင်းစိတ်ကို နားလည်လာခြင်း၊ ကိုယ့်အတွေးတွေကို သတိထားလာခြင်းနဲ့ ကိုယ့်ဘဝအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုတွေကို နေ့စဉ်လုပ်ဆောင်သွားခြင်းပါ။ 🌱

ဒီအယူအဆကနေ ကျွန်မအတွက် အရေးကြီးတဲ့ Lessons တွေကတော့—

1️⃣ Love Yourself ❤️ — ကိုယ့်ကိုယ်ကို ချစ်ပါ
ကိုယ့်တန်ဖိုးကို တခြားသူတွေရဲ့ Approval နဲ့ မတိုင်းတာဘဲ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတတ်ဖို့ပါ။

2️⃣ Choose a Positive Mindset 🧠 — အတွေးအမြင်ကို လေ့ကျင့်ပါ
အခက်အခဲတွေကို ငြင်းပယ်တာမဟုတ်ဘဲ “ဒီအခြေအနေကနေ ဘာသင်ယူနိုင်မလဲ?” လို့ ပြန်မေးတတ်ဖို့ပါ။

3️⃣ Protect Your Energy 🛡️ — ကိုယ့်စိတ်စွမ်းအင်ကို ကာကွယ်ပါ
ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့ အရာတိုင်းကို လက်ခံနေဖို့မလိုပါဘူး။ လိုအပ်တဲ့ Boundaries တွေထားတတ်ဖို့လည်း အရေးကြီးပါတယ်။

4️⃣ Practice Gratitude 🙏 — ကျေးဇူးတင်တတ်ပါ
မရှိသေးတဲ့အရာတွေပေါ်ပဲ အာရုံစိုက်မယ့်အစား ဒီနေ့ ကိုယ့်မှာရှိပြီးသား ကောင်းခြင်းတွေကိုလည်း မြင်တတ်ဖို့ပါ။

5️⃣ Let Go 🍃 — လွှတ်ချသင့်တာကို လွှတ်ချပါ
အတိတ်က အမှားတွေ၊ နာကျင်မှုတွေ၊ မပြောင်းလဲနိုင်တော့တဲ့အရာတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်တတ်ဖို့ပါ။

6️⃣ Believe in Yourself 💪 — ကိုယ့်ကိုယ်ကို ယုံကြည်ပါ
Confidence အပြည့်ရှိလာမှ စတင်ရတာမဟုတ်ပါဘူး။ စတင်လုပ်ဆောင်ရင်း Confidence ကို တည်ဆောက်နိုင်ပါတယ်။

7️⃣ Take Action 🚶‍♀️ — Action ယူပါ
Positive Thinking တစ်ခုတည်းနဲ့တော့ ဘဝမပြောင်းပါဘူး။ ကိုယ်လိုချင်တဲ့ဘဝဆီကို နေ့တိုင်း Small Step တစ်လှမ်းစီ လျှောက်ဖို့လိုပါတယ်။

8️⃣ Trust Your Journey 🌱 — ကိုယ့်ခရီးကို ယုံကြည်ပါ
တခြားသူရဲ့ Timeline နဲ့ ကိုယ့်ဘဝကို မနှိုင်းယှဉ်ဘဲ ကိုယ့်အရှိန်နဲ့ ကိုယ် ဆက်လက်တိုးတက်သွားဖို့ပါ။

9️⃣ Choose Your Circle 🤝 — ကိုယ့်ပတ်ဝန်းကျင်ကို ရွေးချယ်ပါ
ကိုယ့်ကို အားပေးတဲ့သူတွေ၊ အတူတူသင်ယူတိုးတက်ချင်တဲ့သူတွေနဲ့ နီးကပ်နေခြင်းကလည်း အရေးကြီးပါတယ်။

🔟 Keep Growing 🌸 — ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို ဆက်တည်ဆောက်ပါ
Good Life ဆိုတာ Destination တစ်ခုမဟုတ်ဘဲ နေ့စဉ် ပိုကောင်းလာအောင် သင်ယူ၊ ပြောင်းလဲ၊ တိုးတက်နေတဲ့ Journey တစ်ခုလို့ မြင်နိုင်ပါတယ်။

❤️ ကျွန်မအတွက်တော့…

Good Vibes ဆိုတာ အမြဲ Positive ဖြစ်နေရမယ်ဆိုတာမဟုတ်ပါဘူး။

ခက်ခဲတဲ့နေ့တွေမှာတောင် ကိုယ့်စိတ်ကို ပြန်ထိန်းညှိပြီး၊ သင်ခန်းစာယူပြီး၊ နောက်တစ်လှမ်း ဆက်လျှောက်နိုင်ခြင်းပါ။

Love Yourself → Think Better → Choose Better → Act Better → Live Better. 🌷

Good Life ကို စောင့်နေတာထက် နေ့စဉ်ရွေးချယ်မှုလေးတွေနဲ့ တဖြည်းဖြည်း တည်ဆောက်သွားကြရအောင်ရှင်။

💬 ဒီ Lessons 10 ခုထဲက မိတ်ဆွေတို့ရဲ့ လက်ရှိကိုယ့်ဘဝအတွက် အလိုအပ်ဆုံး Lesson က ဘယ်တစ်ခုဖြစ်မလဲ? ဆိုတာ ဖြေပေးခဲ့ကြပါဦး

09/25/2026

USA 🇺🇸 က Business Partner ညီအမတွေနဲ့
Mentor တစ်ယောက်ရဲ့ အခြေခံတာဝန်နဲ့ ဝတ္တရားများအကြောင်း Knowledge Sharing လုပ်ထားတဲ့ Thursday Business Live Talk လေးဖြစ်ပါတယ်

09/25/2026

💁Welocome back to our Thursday Live Talk with USa 🇺🇸 & Singapore 🇸🇬 Business Partner

Mentor တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေက ဘာတွေလဲ❓
ဆိုတဲ့ Main Topic နဲ့အတူ

နောက် (၂) နာရီ အကြာမှာတော့ Live လေးစတင်ပါပြီရှင့်

အားလုံးကို ဖိတ်ခေါ်ပါတယ်နော်

09/24/2026

💁📣 LIVE WEBINAR INVITATION 💻

LEARN HOW TO EARN ONLINE

Online ကနေ ဝင်ငွေလမ်းကြောင်းအသစ်တစ်ခု တည်ဆောက်ဖို့ စိတ်ဝင်စားပါသလား? ဒါပေမယ့် “ဘယ်ကနေစရမလဲ၊ Experience မရှိရင်ရော လုပ်နိုင်ပါ့မလား?” လို့ စိုးရိမ်နေပါသလား?

ဒါဆိုရင် ဒီ LIVE WEBINAR လေးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင်။

ဒီ Webinar မှာ 🇺🇸 USA, 🇨🇦 Canada, 🇦🇺 Australia စတဲ့ နိုင်ငံအသီးသီးက မတူညီတဲ့ Career Background ရှိသူတွေက သူတို့ရဲ့ Real Stories နဲ့ Experiences တွေကို မျှဝေပေးသွားမှာပါ။

📅 TODAY — Thursday, September 24, 2026
⏰ 7:00 PM CST / 8:00 PM EST
🌏 SE Asia — Friday, September 25 • 9:00 AM

အခုမသိသေးတာက ပြဿနာမဟုတ်ပါဘူး။ Learn လုပ်ဖို့၊ Skill အသစ်တွေတည်ဆောက်ဖို့နဲ့ ပထမခြေလှမ်းကို စတင်ဖို့ ဆုံးဖြတ်ခြင်းကနေ အပြောင်းအလဲ စတင်နိုင်ပါတယ်။

👉 စိတ်ဝင်စားသူများ “WEBINAR” လို့ Comment မှာ ရေးခဲ့ပါ၊ ဒါမှမဟုတ် Registration Link အတွက် Message ပို့ပေးပါရှင်။

Learn New Skills • Create New Possibilities 💻🌎

09/24/2026

💁Faceless Marketing ဆိုတာ ဘာလဲ?
မျက်နှာမပြဘဲ Digital Business တစ်ခုကို တည်ဆောက်လို့ရပါသလား?”

Social Media ကို စတင်အသုံးပြုမယ့်သူတွေထဲမှာ

“Camera ရှေ့ထွက်ရမှာ ကြောက်တယ်…”

“ကိုယ့်မျက်နှာကို Social Media မှာ မပြချင်ဘူး…”

“Video ရိုက်ရတာ မကျွမ်းကျင်သေးဘူး…”ဆိုတဲ့သူတွေ အများကြီးရှိပါတယ်။

💁Faceless Marketing ဆိုတာ ကိုယ့်မျက်နှာကို Camera ရှေ့မှာ မပြဘဲ Content ကနေ ကိုယ့် Message နဲ့ Value ကို Audience ဆီ ပေးပို့ပြီး Marketing လုပ်တဲ့နည်းလမ်းတစ်ခုပါ။

ဥပမာ
Text-based content တွေ၊
Screen recording တွေ၊
Voice-over တွေ၊
Educational content တွေကနေ ကိုယ့်ရဲ့ Message ကို မျှဝေလို့ရပါတယ်။

အရေးကြီးတာက မျက်နှာမပြတာထက် Content က Value ရှိဖို့* ပိုအရေးကြီးတယ်လို့ ကျွန်မမြင်ပါတယ်။
❓Faceless Marketing က ဘာကြောင့် အသုံးဝင်တယ်လို့ မြင်လဲ?*

ကျွန်မအတွက်တော့ Faceless Marketing ရဲ့ အားသာချက်တစ်ခုက *စတင်ဖို့ ပိုလွယ်တယ်* လို့ ခံစားရပါတယ်။

တချို့သူတွေက Social Media မှာ ကိုယ့်မျက်နှာနဲ့ Video တင်ဖို့ ယုံကြည်မှု မရှိသေးဘူး။

ကျွန်မတို့အားလုံး Perfect ဖြစ်နေဖို့ မလိုပါဘူး။

Faceless Content နဲ့ စပြီး
တဖြည်းဖြည်း လေ့ကျင့်သွားလို့ရပါတယ်။

အထူးသဖြင့် အချိန်အကန့်အသတ်ရှိတဲ့ Mom တွေအတွက် Content Creation ကို Flexible ဖြစ်အောင် လုပ်နိုင်တာက အားသာချက်တစ်ခုပါ။

💁Faceless Marketing လုပ်ရင် Personal Brand တည်ဆောက်လို့ရပါသလား?

တည်ဆောက်လို့ရပါတယ်။
Personal Brand ဆိုတာ *မျက်နှာတစ်ခုတည်းနဲ့ တည်ဆောက်တာမဟုတ်ပါဘူး။*

ကိုယ့်ရဲ့
Message၊Values၊Knowledge
Experience၊Story
Personalityတွေကလည်း Personal Brand ရဲ့ အစိတ်အပိုင်းတွေပါ။

ဒါကြောင့် Faceless Content နဲ့စပြီး ကိုယ့်ရဲ့ Knowledge နဲ့ Value ကို Audience ဆီ ပေးလို့ရပါတယ်။

ဒါပေမယ့် ကျွန်မအမြင်ကတော့

Faceless Marketing က Personal Branding ကို အစားထိုးတာမဟုတ်ဘူး။

Content Strategy တစ်ခုအနေနဲ့ အသုံးချတာပါ။

💁Faceless Marketing လုပ်ရင် Audience က ကိုယ့်ကို ယုံကြည်ပါ့မလား?

Business မှာ Trust က အရေးကြီးတာဆိုတော့

Trust တည်ဆောက်ဖို့က Face တစ်ခုတည်းနဲ့ မဟုတ်ပါဘူး။

ကိုယ်ပေးတဲ့ Content က အသုံးဝင်တယ်၊
ကိုယ်ပြောတဲ့ Message က ကိုယ့်ရဲ့တကယ့်အတွေ့အကြုံနဲ့ ကိုက်ညီတယ်၊
ပြီးတော့ Consistently တင်နေတယ်ဆိုရင် Audience က တဖြည်းဖြည်း Trust တည်ဆောက်လာနိုင်ပါတယ်။

ဒါပေမယ့် ကျွန်မတို့အနေနဲ့ *Trust ကို အမြန်တည်ဆောက်ချင်ရင် ကိုယ့်ရဲ့ Face, Voice, Story ကို သင့်တော်သလို အသုံးချတာက ပိုကောင်းပါတယ်။*

ဒီနေရာမှာ ကျွန်မအနေနဲ့လည်း ကိုယ့်အမြင်လေး တစ်ခုမျှဝေချင်ပါတယ်။
ကျွန်မက Personal Brand ကို တည်ဆောက်နေတဲ့သူဆိုတော့ *ကျွန်မအတွက်တော့ Face-to-Face Content နဲ့ Faceless Content နှစ်မျိုးလုံးကို ပေါင်းစပ်အသုံးချတာကို ပိုသဘောကျပါတယ်။*

ဘာကြောင့်လဲဆိုတော့—

✅Faceless Content က *Reach နဲ့ Content Variety* အတွက်ကောင်းတယ်။

✅Face-to-camera Content ကတော့ *Connection နဲ့ Trust* တည်ဆောက်ဖို့ ကောင်းတယ်။

💁Faceless Marketing ကို ဒီနေ့ကစပြီး စမ်းကြည့်ချင်တဲ့သူတစ်ယောက်အနေနဲ့ ဘာကနေ စသင့်လဲ?*

ကျွန်မဆိုရင်တော့ အရမ်းရိုးရိုးလေး စခိုင်းချင်ပါတယ်။

ပထမဆုံး
ကိုယ်ကျွမ်းကျင်တဲ့ Topic တစ်ခုရွေးပါ။

ပြီးရင် အဲဒီ Topic နဲ့ပတ်သက်ပြီး Short Video တစ်ခုလုပ်ပါ။

ဥပမာ
Laptop Screen Recording,
Canva Design,
Motivational Quote,
Educational Tip,
ကိုယ့်ရဲ့ Experience တစ်ခုကို Text + Video နဲ့ ပြောပြတာမျိုးပါ။

ပြီးရင် Post လုပ်ပါ။

Perfect ဖြစ်ဖို့ စောင့်မနေပါနဲ့။
စတင်လေ့လာသင်ယူရင်းနဲ့
တဖြည်းဖြည်း Skill တက်လာပါလိမ့်မယ်။

💁Faceless Marketing ကို စချင်ပေမယ့်—

“ကျွန်မက Content Creation မလုပ်တတ်ဘူး”
“Video Editing မတတ်ဘူး”

ဆိုတဲ့သူတွေကို ကျွန်မပြောချင်တာက

“မတတ်တာက မလုပ်နိုင်တာ မဟုတ်ပါဘူး။
ကျွန်မကိုယ်တိုင်လဲတစ်ချိန်တုန်းက Beginner ပါပဲ။

ဒီနေ့ Technology တွေကလည်း အများကြီးလွယ်ကူလာပြီဆိုတော့ Beginner တစ်ယောက်အနေနဲ့တောင် တဖြည်းဖြည်း လေ့လာပြီး Content ဖန်တီးနိုင်ပါတယ်။

Faceless Marketing ဆိုတာ မျက်နှာမပြဘဲ Content Marketing လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။

ဒါပေမယ့်

မျက်နှာမပြတာက အရေးကြီးဆုံးမဟုတ်ပါဘူး။*

ကိုယ့်ရဲ့
Message
Value
Story
Consistencyတွေက ပိုအရေးကြီးပါတယ်။

တချို့သူတွေအတွက် Faceless Marketing က *Starting Point* ဖြစ်နိုင်ပါတယ်။

တချို့သူတွေအတွက်တော့ Face-to-Camera က ပိုသင့်တော်နိုင်ပါတယ်။

ကျွန်မတို့အနေနဲ့ တစ်မျိုးတည်းကို မှန်တယ်၊ တစ်မျိုးတည်းကို မှားတယ်လို့ မပြောချင်ပါဘူး။

ကိုယ့် Personality၊ ကိုယ့် Goal နဲ့ ကိုယ့် Audience နဲ့ ကိုက်ညီတဲ့ Marketing Strategy ကို ရွေးချယ်ဖို့ပဲ လိုပါတယ်။

ဆိုတဲ့အကြောင်း မျှဝေပေးလိုက်ပါတယ်ရှင့်
အသေးစိပ် သိချင်ရင် Message လေးချန်ပေးထားခဲ့ပါ ကျေးဇူးပါရှင်
Mentor Hnin Han
Proud Digital Entrepreneur
💻

09/24/2026

💁 🌸 WHY “GOOD VIBES, GOOD LIFE”?

Good Vibes ဆိုတာ အမြဲတမ်းပျော်နေရမယ်၊ ပြဿနာမရှိရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

ဘဝမှာ အခက်အခဲတွေရှိနေချိန်မှာတောင်—

❤️ ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်း
🧠 အတွေးအမြင်ကို ကောင်းမွန်အောင် လေ့ကျင့်ခြင်း
🙏 ရှိပြီးသားအရာတွေအတွက် ကျေးဇူးတင်ခြင်း
🛡️ ကိုယ့်စိတ်စွမ်းအင်ကို ကာကွယ်ခြင်း
🌱 အခက်အခဲထဲကနေ သင်ယူပြီး ဆက်လက်တိုးတက်ခြင်း

တို့ကို ရွေးချယ်နိုင်ခြင်းပါ။

ကျွန်မတို့ဘဝမှာ ဖြစ်ပျက်သမျှအရာအားလုံးကို ထိန်းချုပ်လို့မရပါဘူး။

ဒါပေမယ့်…

ဘယ်လိုတွေးမလဲ၊ ဘယ်လိုတုံ့ပြန်မလဲ၊ နောက်တစ်လှမ်းကို ဘယ်လိုလျှောက်မလဲ ဆိုတာတွေကိုတော့ လေ့ကျင့်ပြီး ရွေးချယ်နိုင်ပါတယ်။

အတွေးတွေ ပြောင်းလာတဲ့အခါ
➡️ ခံစားချက်တွေ ပြောင်းလာတယ်။

ခံစားချက်တွေ ပြောင်းလာတဲ့အခါ
➡️ လုပ်ဆောင်ပုံတွေ ပြောင်းလာတယ်။

လုပ်ဆောင်ပုံတွေကို နေ့စဉ်ဆက်လုပ်တဲ့အခါ
➡️ အလေ့အကျင့်တွေ ပြောင်းလာတယ်။

အလေ့အကျင့်တွေ ပြောင်းလာတဲ့အခါ
➡️ အချိန်ကြာလာတာနဲ့အမျှ ဘဝရဲ့ direction ကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ 🌱

ဒါကြောင့် ကျွန်မအတွက်—

Good Life ဆိုတာ Perfect Life မဟုတ်ပါဘူး။

ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ပေးနိုင်ခြင်း၊ ကိုယ့်စိတ်ကို ဂရုစိုက်ခြင်း၊ ကိုယ့်အိပ်မက်တွေကို ဆက်လက်တည်ဆောက်ခြင်းနဲ့ မနေ့ကထက် ဒီနေ့ ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို တဖြည်းဖြည်း တည်ဆောက်သွားခြင်း ပါ။

💕
💻

09/23/2026

Welcome back to our Business Live Today1!

09/23/2026

💁USA က Business Partner Ma May နဲ့ ပြုလုပ်မယ့် Knowledge Sharing Business Live Talk လေးကို ဖိတ်ကြားပါတယ်

See you soon!!

Address

Katy, TX
77400-77499

Alerts

Be the first to know and let us send you an email when 𝐑𝐎𝐘𝐀𝐋 𝐓𝐀𝐖 𝐖𝐈𝐍 𝐍𝐀𝐍 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐑𝐎𝐘𝐀𝐋 𝐓𝐀𝐖 𝐖𝐈𝐍 𝐍𝐀𝐍:

Shortcuts

Share