05/26/2026
မိုးလင်းသွားပြီ
ကြယ်လေးကလည်း နေဖြစ်သွားပြီ 🥰
တကယ်တမ်းမှာလည်း ကြယ်ဆိုတာ နေပါပဲ
အလင်းနစ်ပေါင်းများစွာဝေးကွာနေလို့သာ
မှိတ်တုတ်လေးလင်းလက်နေတဲ့
ကြယ်လေးတွေအနေနဲ့ မြင်တွေ့နေရတာပါ
တကယ်တမ်း အနီးကပ်သွားကြည့်လိုက်ရင်
ပျော်စရာကောင်းမနေပါဘူး
ပူလွန်းတဲ့အရှိန်ကြောင့် အနီးကပ်လည်း
ဘယ်သူမှမသွားနိုင်ပါဘူး
အဲဒါကြောင့် တချို့အရာတွေက
အဝေးဆုံးမှာရှိနေတာက
အေးချမ်းမှုကို ပိုပြီးခံစားရရှိစေနိုင်တယ်
ဥပမာ...ကြယ်လေးတွေလိုပေါ့
💦
ကဲ ... စောစောစီးစီး
ကဗျာသံ စာသံနဲ့နှုတ်ဆက်လိုက်ပြီးနော်
ဝါသနာပါလို့ပါ 😌
မင်မင့် Page ကို Follow ထားရင်
AI နဲ့ ပုံတွေ Video တွေ လုပ်တတ်သွားမယ့်အပြင်
ကဗျာတွေ စာတွေပါ ရေးတတ်သွားစေရမယ်နော် 😍
အာ့ကြောင့် Follow လုပ်ထားဖို့ မမေ့ကြနဲ့နော် 🤗