07/11/2018
ဒါတွေ သင်သိပြီးပြီလား
၁။ မူလက ကိုကာကိုလာမှာ coaine ပါဝင်ပါတယ်။
၂။ Internet ရဲ့မူလနာမည်က ARPANet(Advanced Research
Projects Agency Network) ဖြစ်ပါတယ်။ အမေရိကန်ကာကွယ်ရေးဌာနက ဒီဇိုင်းထုတ်ခဲ့တာပါ။
၃။ သြစတြေးလျရဲ့မူလနာမည်ကို New Holland လို့ခေါ်ပါတယ်။
၎။ စက္ကူဆိုတာ တရုတ်နိုင်ငံက စတင်ဖြစ်ပေါ်လာတာပါ။
၅။ တိုက်တန်းနစ်သင်္ဘောကို မြောက်အိုင်ယာလန်နိုင်ငံ Belfast မြို့မှာတည်ဆောက်ခဲ့တာပါ။
၆။ ကမ္ဘာပေါ်မှာ ပထမဆုံး လူ ၁သန်းရှိလာတဲ့မြို့က London မြို့ပဲဖြစ်ပါတယ်။
၇။ ပထမဆုံးရထားရဲ့အမြန်နှုန်းက ၁ နာရီကို ၈ ကီလိုမီတာပဲ ရှိပါတယ်။
(အခုအချိန်မှာတော့ ၄၃၁ ကီလိုမီတာအထိရှိလာပြီ ဖြစ်ပါတယ်)
၈။ လက်ဗွေရာစနစ်ကို အေဒီ ၇၀၀ လောက်တည်းက တရုတ်မှာအသုံးပြုနေပါပြီ။
၉။ စက္ကူပိုက်ဆံတွေကို စတင်ခဲ့တာလည်း တရုတ်ပါပဲ။
၁၀။ ရှိတ်စပီးယားတီထွင်ခဲ့တဲ့ စကားလုံးနှစ်လုံးကတော့ assassination
(လုပ်ကြံသတ်ဖြတ်ခြင်း) နဲ့ bump (ထိခိုက်မိ၍အပြင်းအထန် ရလာသောဒါဏ်ရာ) တို့ဖြစ်ကြပါတယ်။
၁၁။ နာမည်ကြီး မိုနာလီဇာ ပန်းချီကားကိုဆွဲဖို့ လီယိုနာဒိုဒါဗင်ချီဟာ အချိန် ၁၀နှစ်ယူခဲ့ရပါသတဲ့။
၁၂။ အင်္ဂလိပ်စာမှာ အသုံးအများဆုံးစကားလုံးက ‘I’ ပါ။
၁၃။ ကမ္ဘာကျော်သိပ္ပံပညာရှုင်ကြီး အိုင်းစတိုင်းက တစ်ညကို ၁၀နာရီအိပ်ပါသတဲ့။
၁၄။ တစ်ညကို လူတစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ ပျမ်းမျှအချိန်က ၇မိနစ်ပဲရှိပါတယ်။
၁၅။ ဂျပန်၊ဂျော်ဒန် နဲ့ ဆန်မာရီနိုနိုင်ငံတွေရဲ့ နိုင်ငံတော်သီချင်းဟာ စာကြောင်း ၄ ကြောင်းစီပဲ ပါရှိပါတယ်။
၁၆။ ပိုးဖလံတွေရဲ့သွေးက အဖြူရောင်ပါတဲ့။
၁၇။ လူတွေမကြာခဏထပ်ခါထပ်ခါဆိုလေ့ရှိတဲ့ ကမ္ဘာ့အဆိုအများဆုံး သီချင်းဟာ Happy Birthday ပါတဲ့။
၁၈။ အမေရိကမှာ အစားအများဆုံးအသီးက ဌက်ပျောသီးဖြစ်ပါတယ်။
၁၉။ မိန်းမတွေဟာ ယောကျာ်းတွေထက် နှလုံးခုန်တာပိုမြန်သတဲ့။
၂၀။ အင်္ဂလိပ်အက္ခရာတွေထဲက အသုံးအနည်းဆုံးစာလုံးက ‘Q’ ဖြစ်ပါတယ်။