09/29/2026
Credit to Orion J Jason
စိတ်ပုတီလေးအကြောင်းနဲ့ ပုတီးစ်ပ်နည်းလေး
အခုပုံတဲကစိတ်ပုတီးလေးက မေမေရဲ့စိတ်ပုတီးလေးကိုယ်ငယ်ငယ်ကတည်းကသူစိပ်တာကိုမြင်နေကြ မြင်ပါများလာတော့တနေ့ကြတော့ကိုယ်တိုင်လဲစိပ်ချင်လာလို့ဘာစိပ်ရမလဲမေးမိတယ်။ ဘာစပြီးစိတ်ခိုင်းတယ်ဆိုတာတော့မမှတ်မိတော့ဘူးအဲ့ဒိကနည်းကစိပ်ပုတီးစိပ်တဲ့အကျင့်ရလာခဲ့တယ်။ US ကိုမလာခင်အထိဒိကိုးနဝင်းပုတီးစိပ်နည်းကိုအမေလည်းစိပ်ကိုယ်လဲစိပ်ပေါ့ ကိုယ်ဒိဘက်ကိုရောက်လာတော့အရင်လိုအချိန်မပေးနိုင်တော့မအားဘူးဆိုတဲ့စဉ်ခြေနဲ့မစိပ်ဖြစ်တာအတော်ကြာခဲ့ပြီ။ မေမေကတော့ဆက်ပြီးစိပ်နေခဲ့တယ်သူဘယ်လောက်နှစ်တွေအကြာကြီးဒိစိတ်ပုတီးနဲ့စိပ်ခဲ့လဲဆိုရင်သူ့ရဲ့ပုတီးကရောင်တောင်လက်နေတယ်ဘာပေါလစ်မှသုတ်ထားတာမဟုတ်ဘူး။ သူဆုံးသွားတော့မေမေ့ရဲ့စိပ်ပုတီးကိုဖေဖေ့ဆိကတောင်းယူခဲ့တယ်ဒါပေမဲ့သေသေချာချာမစိပ်မိပါဘူးအချိန်မရရင်တနေ့တပတ်စိပ်တာလေးတောင်မစိပ်ပဲနေခဲ့တယ်။ တနေ့ကြဒိအကောင့်ပိုင်ရှင်ကဒိကိုးနဝင်းပုတီးစိပ်နည်းလေးကိုဝါတွင်းကာလမှာစိပ်ဖို့တင်ထားတာတွေ့လိုက်တဲ့အချိန်မှာစိပ်ကြည့်ချင်လာတယ်မေမေ့ရဲ့နောက်ဆုံးအချိန်ထိကိုးနဝင်းပုတီးစိပ်ခဲ့တဲ့ပုတိးလေးနဲ့စိပ်ဖို့ကြိုးစားကြည့်ချင်လာတယ်။ စပြီးစိပ်မယ်လို့ဆုံးဖြတ်လိုက်တာရက်တွေမှားပြီးအချိန်မရောက်ခင်ကြိုပြီးစိပ်မိလိုစိတ်မိ၊ မေ့ပြီးရက်တွေမှားလို့အစကပြန်စရနဲ့ပေါ့။ ဒါပေမဲ့စိတ်ကလုပ်ချင်နေတော့ပြီးမြောက်အောင်လုပ်ဖြစ်ခဲ့ပါပြီပြောချင်တာကလုပ်ချင်စိတ်ရှိရင်ဘယ်လောက်ပဲအလုပ်များများအဆင်ပြေသွားတာပါပဲလို့။ လုပ်ချင်စိတ်ကအဓီကပါ။ ဒိလိုဘဲ digital business မှာလဲဘယ်လောက်ပဲအချိန်မရှိလို့လုပ်ငန်းမလုပ်နိုင်ဘူးလို့ထင်နေရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးကိုယ်တိုင်ကြိုးစားလုပ်ကိုင်မှဖြစ်မှာပါလို့။
စာရှည်ကြီးကိုဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။
www.territheineagle.com
📿📿📿၂၀၂၆ ခုနှစ် ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး "
ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 📿📿📿
🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏
🙏စိပ်ရမယ့်နေ့ရက်များ🙏
_________________________________
(၉) ပါးစလုံးကို ( ၂၉. ၇ . ၂၀၂၆ ) မှ ( ၆ . ၈ . ၂၀၂၆ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
________________________________
🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏
(၇ . ၈ . ၂၀၂၆) မှ
(၁၅. ၈ . ၂၀၂၆) အထိ
________________________________
🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏
(၁၆ . ၈ . ၂၀၂၆) မှ
(၂၄ . ၈ . ၂၀၂၆) အထိ
________________________________
🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏
(၂၅ . ၈ . ၂၀၂၆) မှ
(၂ . ၉. ၂၀၂၆) အထိ
________________________________
🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏
(၃ . ၉ . ၂၀၂၆) မှ
(၁၁. ၉ . ၂၀၂၆) အထိ
_______________________________
🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏
(၁၂ . ၉ . ၂၀၂၆) မှ
(၂၀ . ၉ . ၂၀၂၆) အထိ
________________________________
🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏
(၂၁ . ၉ . ၂၀၂၆) မှ
(၂၉ . ၉ . ၂၀၂၆) အထိ
________________________________
🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏
(၃၀ . ၉ . ၂၀၂၆) မှ
(၈ . ၁၀ . ၂၀၂၆) အထိ
________________________________
🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏
(၉ . ၁၀. ၂၀၂၆) မှ
(၁၇ . ၁၀ . ၂၀၂၆) အထိ
_______________________________
🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏
(၁၈ . ၁၀ . ၂၀၂၆) မှ
(၂၆ . ၁၀ . ၂၀၂၆) အထိ
________________________________
- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင်...................................................................
🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏
၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...
၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...
၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...
၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...
၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...
၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...
၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...
ဤသို့လျှင် အရဟံ စာသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏
🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏
၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။
၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။
၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။
၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။
၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။
၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။
၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။
Credit to Orion J Jason
www.territheineagle.com