12/08/2026
“လုပ်ငန်းခွင်အောင်မြင်ဖို့ ကိုယ်ပိုင်သင်တန်းနည်းပြတွေမွေးထုတ်ပါ”
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
အခုနောက်ပိုင်း ကုမ္ပဏီတွေ Corporate Training ကို TOT လို့ခေါ်တဲ့ Training of Trainer Program တွေတော်တော်လေးလုပ်လာတယ်
ကုမ္ပဏီတစ်ခုမှာ Training of Trainers (TOT) အစီအစဉ် လုပ်ဆောင်ပေးတာဟာ ရေရှည်အတွက် အလွန် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ အဓိကရရှိနိုင်တဲ့ ကောင်းကျိုးကတော့
(1) ပြင်ပက သင်တန်းဆရာတွေကို ခဏခဏ ငှားရမ်းစရိတ် မလိုတော့ဘဲ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ခြင်းပါပဲ။
(2)ဒါ့အပြင် ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်၊ ယဉ်ကျေးမှုနဲ့ လိုအပ်ချက်တွေကို သေချာနားလည်ထားတဲ့ အတွင်းဝန်ထမ်းတွေကပဲ ပြန်လည်သင်ကြားပေးတာဖြစ်လို့ ပြင်ပသင်တန်းတွေထက် ပိုပြီး လက်တွေ့ကျကာ ထိရောက်မှု ရှိစေပါတယ်။
(3) အတွေ့အကြုံရှိတဲ့ Senior ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေကို ကုမ္ပဏီအတွင်း လက်ဆင့်ကမ်း မျှဝေနိုင်တဲ့ ယဉ်ကျေးမှုတစ်ခု ပေါ်ပေါက်လာပြီး ဝန်ထမ်းသစ်တွေကို လေ့ကျင့်ပေးရာမှာလည်း ပိုမို မြန်ဆန်လာပါလိမ့်မယ်။
(4)တစ်ချိန်တည်းမှာပဲ သင်တန်းဆရာအဖြစ် လေ့ကျင့်ခံရတဲ့ ဝန်ထမ်းတွေဟာ ပြောဆိုဆက်ဆံရေး၊ တင်ပြမှုစွမ်းရည်နဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ တိုးတက်လာပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာကြပါတယ်။
(5) ဒါ့အပြင် ကုမ္ပဏီရဲ့ စံချိန်စံညွှန်းနဲ့ SOP တွေကို ဝန်ထမ်းအားလုံးထံ တစ်ပြေးညီ တိတိကျကျ ရောက်ရှိအောင် ပို့ချပေးနိုင်တာကြောင့် အဖွဲ့အစည်းတစ်ခုလုံးရဲ့ လုပ်ဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။
(6) TOT ဟာ ဝန်ထမ်းတွေကြားမှာသာမက ဖောက်သည်နဲ့ ဆက်ဆံရေး မိမိ Clients တွေနဲ့ ဆက်ဆံရေးကိုပါ ပိုမိုတိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။
ကဲမိမိရဲ့ ဝန်ထမ်းတွေကို In house trainer ကောင်းတွေအဖြစ်မွေးထုတ်နိုင်ဖို့
Ayeyarwaddy Business Center က နေ TOT Corporate Training လေးရယူလို့ရပါတယ်
Presentation Skills
Adult Learning Principle
Training Need Analysis
Lesson Planning and Curriculum Design
Role Play, Case Study, Group Discussion and Gamification
Questioning and Facilitation Techniques
Class Room Management & Evaluation စတာတွေကိုပါ
လေ့လာသင်ကြားရမှာမို့ ABC ကနေ TOT Package လေးယူလို့ရပါတယ်
စုံစမ်းဖို့ - 09964016243, 09421016243
အကောင်းဆုံး Training Partner - Ayeyarwaddy Business Center