Tha Tial chin

Tha Tial chin Helping other

03/03/2024
04/23/2023

သိပ်လေးလာရင် လွှတ်ချလိုက်ပါ တဲ့
_______________________________

*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

*အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ

* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ် (ခန ခန ခံရပါများလာလို့ )

*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား ။

Credit-OriginalWriter
#သုတရသစာပေများစုစည်းရာ

စိတ်ကိုစင်စင်ကြယ်ကြယ်ထားပေမယ့်အရောင် လာလာဆိုးကြပြန်တော့လည်းသည်းခံစိတ်ကို နကိုရှိတာထက်ပိုထားနိုင်ဖို့ကြိုးစားရမယ်ကြည်လင်သ...
11/08/2022

စိတ်ကို
စင်စင်ကြယ်ကြယ်ထားပေမယ့်

အရောင် လာလာဆိုးကြပြန်တော့လည်း
သည်းခံစိတ်ကို နကိုရှိတာထက်ပိုထားနိုင်ဖို့ကြိုးစားရမယ်

ကြည်လင်သောအပြုံးနဲ့
လူတိုင်းကို ပြုံးပြနိုင်ဖို့ကြိုးစားနေသော်လည်း.....

သဘောကျစရာမကောင်းတဲ့
စိတ်ဓာတ်တွေကြောင့်ပဲ
ဟန်မဆောင်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း ပြင်ရအုံးမယ်

အရာရာကို
အကောင်းမြင်တတ်ဖို့နဲ့
သည်းခံစိတ်ရှိဖို့ရန် အတွက်
ကြည်လင်သော နှလုံးသားနဲ့
မျှတသော စိတ်ထားကိုမွေးထားရသေးတယ်

တစ္ခါတေလ
ကိုယ့်ကိုယ်ကို စိတ်မာတယ်
ကြံ့ခိုင်ပါတယ်လို့ ဘယ်လိုပဲဆိုဆို
ကိုယ့်စိတ်ဓာတ်ကို
ရိုက်ချိုးခံလိုက်ရတဲ့အခါ
ခံစားရတာကတော့ အလူးအလဲပဲလေ.....

လူတိုင်း လူတိုင်းမှာ
ဒဏ်ရာ ကိုယ်စီရှိနိုင်ကြသလို
ခံစားချက် အတိမ်အနက်ကို စာဖွဲ့မပြချင်
ပေမယ့်လည်း
ခေါင်းမာတတ်တဲ့ ကိုယ့်အကျင့်ကတော့ပြင်မရဘူးလေ

ထပ်တူမညီနိုင်မှန်း
သိနေပြီးတဲ့နောက်မှာတော့....

ဘယ်သူနဲ့မှ ညှိမယူချင်တော့ဘူးလေ
ဒီတော့လည်း ဘာသိဘာသာပဲနေလိုက်တော့တယ်

စိတ်ပင်ပန်းလာတိုင်း
အရင်လို ငိုင်တွေပြီးမနေတော့ပါဘူး
တစ်ခါလေ
အားပါးတရပြုံးလိုက်မိသေးတယ်
သဘောကျလို့တော့မဟုတ်ဘူး
လူတွေရဲ့စိတ်ကို ပိုမြင် တတ်လာလို့ပါ.........

.❣

ကိုယ့်ဘဝရဲ့ခံယူချက်ကိုယ့်ကို မနာလိုဘူးလား ကျောခိုင်း နေလိုက်ပါ ကိုယ့်ကို အတင်းပြောနေသလား မကြားသလို နားပိတ်နေလိုက်ပါ ကိုယ...
11/04/2022

ကိုယ့်ဘဝရဲ့ခံယူချက်

ကိုယ့်ကို မနာလိုဘူးလား ကျောခိုင်း နေလိုက်ပါ

ကိုယ့်ကို အတင်းပြောနေသလား မကြားသလို နားပိတ်နေလိုက်ပါ

ကိုယ့်ကို စောင်းမြောင်းနေလား ပြုံးပြုံးလေးနဲ့သာ ကြည့်နေလိုက်ပါ

ကိုယ့်ဘဝအတွက်
အရေးမပါတာတွေကို လိုက်ပြီးခံစားနေရင်
အချိန်ကုန် လူပန်းပဲဖြစ်မယ်

ကိုယ်လည်း လူပဲလေ
ခံစားတတ်တယ် စိတ်ဆိုးတတ်တယ် ဒေါသလည်း ဖြစ်တတ်ပါတယ်

သူများမကောင်းတာနဲ့ ကိုယ်ကလိုက်မကောင်းလို့ဘယ်ဖြစ်မလဲ

ကိုယ်ပါ သူများရဲ့အကုသိုလ်နောက်
လိုက်နေရင် ကိုယ်လည်း သူတို့နဲ့ဘာထူးဦးမှာလဲ...

ဘယ်သူတွေ သိသိ မသိသိပေါ့
ကိုယ်ကကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်သာအသိဆုံးပဲလေ...

ဒါကြောင့်
ကိုယ့်ကို မနာလိုဝန်တိုသူတွေ ဘယ်လိုပဲ မုန်းနေပါစေ...

ကိုယ့်ဘက်က မေတ္တာမပျက်ပဲနဲ့ ခေါင်းမော့ ရင်ကော့ကာ
အပြုံးလေးနဲ့ ရင်ဆိုင်တတ်ဖို့ပဲလိုတယ်မဟုတ်လား...


#ဗဟုသုတ

ကိုယ်အပေါ်မကောင်းတဲ့လူတွေလည်း ခွင့်လွှတ်တတ်လာတယ်နာကျင်စရာ ဒဏ်ရာတွေများလာတဲ့အခါကိုယ့်ကိုယ်ကို ဖြေသိပ့်တတ်လာတယ်။ ကိုယ့်အပေ...
10/15/2022

ကိုယ်အပေါ်မကောင်းတဲ့လူတွေလည်း
ခွင့်လွှတ်တတ်လာတယ်
နာကျင်စရာ ဒဏ်ရာတွေများလာတဲ့အခါ
ကိုယ့်ကိုယ်ကို ဖြေသိပ့်တတ်လာတယ်။

ကိုယ့်အပေါ်မကောင်းခဲ့လို့လည်း
စိတ်ထဲမထားတော့သလို
အရာအရာအားလုံးကို သည်းခံပြီး
ဥပေက္ခာပြုတတ်လာတယ်။

ကိုယ်နဲ့မတိုက်ဆိုင်တဲ့ လူတချို့ကိုလည်း
ဝင်လာပါလို့လည်းမခေါ်တော့ဘူး
ကိုယ့်ဘဝအတွက်တိုက်ဆိုင်ရင်
သူတို့ဝင်လာလိမ့်မယ်။

နာကျင်စရာတွေများလာတဲ့အခါ မိမိကိုယ်ကိုယ် ဖြေသိပ့်တတ်လာတယ်။

ကိုယ့်နားမှာအဖော်မရှိတဲ့အခါ မွေးကတည်းက
တစ်ယောက်ထည်းဆိုပြီး မိမိကိုယ်ကို
အဖော်ပြုတတ်လာတယ်။

ကိုယ်အဆင်မပြေဖြစ်တဲ့အခါ
ဘဝဆိုတာဖြောင့်ဖြူးတယ်မရှိဘူး
အရာအားလုံးက ခဏလေးပါဆိုပြီး မိမိကိုယ်ကိုယ်
အဆင်ပြေအောင်နေတတ်လာတယ်။

လူတိုင်းကိုယ့်အပေါ်မကောင်းနိူင်ဘူး ဒါကြောင့်မို့
မကောင်းတဲ့လူတွေကို သည်းခံခွင့်လွှတ်ပြီး
ကောင်းတဲ့လူတွေကို
တန်ဖိုးထားတတ်လာတယ်။

အဆိပ်အတောက်ရှိတဲ့ လူအမျိုးအစားများ (၁) The Narcissist အတ္တကြီးလွန်းသူ      ဒီလိုလူစားမျိုးတွေဟာ ကိုယ့်အတွက်ပဲ ကြည့်တယ်။ ...
09/11/2022

အဆိပ်အတောက်ရှိတဲ့ လူအမျိုးအစားများ

(၁) The Narcissist အတ္တကြီးလွန်းသူ
ဒီလိုလူစားမျိုးတွေဟာ ကိုယ့်အတွက်ပဲ ကြည့်တယ်။ ကိုယ်ချင်းစာစိတ်ကင်းမဲ့တယ်။ သူတို့ကိုယ်သူတို့ အခြားသူတွေထက် သာတယ်လို့ အမြဲယုံကြည်ထားတတ်ပြီး ဘာပဲဖြစ်ဖြစ် သူတို့မှန်တယ်လို့ပဲ ယူဆနေတတ်ကြတဲ့ လူစားမျိုးတွေပဲ ဖြစ်ပါတယ်။
(၂) The Controller. ထိန်းချုပ်ရတာကြိုက်နှစ်သက်သူ
ဒီလိုလူစားမျိုးတွေဟာ သူတို့အနားမှာရှိတဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြတယ်။ သင့်ဆုံးဖြတ်ချက်တိုင်းမှာ ဝင်ရောက်စွက်ဖက်နေတတ်ပြီး သင်က ဘာကိုမှ ကောင်းမွန်စွာမလုပ်နိုင်ဘူးလို့ ခံစားလာရအောင် လုပ်ဆောင်ပေးတတ်တဲ့ လူစားမျိုးတွေပဲဖြစ်ပါတယ်။
(၃) The Drama Magnet. ဇာတ်လမ်းထွင်ရတာ ကြိုက်နှစ်သက်သူ
ဒီလိုလူစားမျိုးရဲ့ဘဝက ဇာတ်လမ်းတော်တော်စုံလင်နေတတ်တယ်။ သူတို့ဘဝက ကံမကောင်းမှုတွေနဲ့ချည်း ကြုံနေရတယ်လို့ အမြဲပြောနေတတ်တယ်။ တကယ်တမ်းကျတော့ ဒါတွေကို သူတို့ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပါတယ်။ The Drama Magnet တွေဟာ သူတို့အနားမှာ ရှိတဲ့သူတွေကို စိတ်မသက်မသာခံစားရအောင် အမြဲတွန်းပို့နေတတ်လေ့ရှိပါတယ်။
(၄) The Energy Vampire.
ဒီလိုလူစားမျိုးက သင့် Energy တွေ ကျဆင်းအောင် လုပ်ဆောင်တတ်လေ့ရှိတယ်။ အလုပ်မစရသေးခင်မှာပင် “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားနဲ့ သင့်ကို စိတ်ကျအောင် လုပ်ဆောင်တတ်လေ့ရှိတယ်။ သင့်ကို လွှမ်းမိုးနိုင်အောင် ကြိုးစားတယ်။ ပြဿနာတွေဖန်တီးပြီး မကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တယ်။ သင့်ကို ဝေဖန်တယ်၊ အနိုင်ကျင့်တယ်။
(၅) The Compulsive Liar. အကြီးစားလူလိမ်
ဒီလိုလူစားမျိုးက သင့်ကို အဖြူရောင်အလိမ်အညာတွေ အမြဲပြောဆိုပေးနေတတ်တဲ့ လူစားမျိုးပဲ ဖြစ်ပါတယ်။ “မင်းအတွက်ကောင်းဖို့ ငါပြောနေတာ…”၊ “ငါက စေတနာနဲ့ သတိပေးနေတာ..” အစရှိတဲ့ စကားလုံးတွေနဲ့ သင့်ကို ခြယ်လှယ်ဖို့ လုပ်ဆောင်ပြီး သူတို့လိုချင်တဲ့လမ်းကြောင်းပေါ်ရောက်အောင် သင့်ကို ဆွဲခေါ်သွားတတ်တယ်။ သူတို့ပြောသလို မလုပ်ရင် လိပ်ပြာမလုံသလို၊ အပြစ်ရှိသလို ခံစားလာရအောင်လည်း လုပ်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။
(၆) The Green Eyed. မနာလိုစိတ်ကြီးသူ
ဒီလိုလူစားမျိုးက အခြားသူရဲ့ကံကောင်းမှုတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေအပေါ်မှာ မပျော်ပေးနိုင်ဘူး။ အခြားသူပျော်နေတာမြင်ရင် သူတို့ဆီက တစ်ခုခု ဆုံးရှုံးသွားရသလို ခံစားရတတ်ပြီး နေမထိ၊ ထိုင်မသာ ဖြစ်နေတတ်ကြတယ်။ သူတို့ကိုယ်သူတို့ အပြစ်မဲ့ခံရတဲ့သားကောင်လို ပြုမူနေတတ်လေ့ရှိတယ်။ အခြားသူကို နင်းချေခြင်းအားဖြင့် သူတို့ကိုယ်သူတို့ မြှင့်တင်တတ်လေ့ရှိပါတယ်။

သင့်အတွင်းစိတ်မှာရော အဆိပ်အတောက်ရှိတဲ့ လူအမျိုးအစား ဘယ်နှမျိုးလောက်ရှိနေလဲ? 🤔

Credit ; သက်တန့်(မေရီ)

"လူ ချင်းတူပေမယ်.အသိတရားရှိတာချင်း မတူပါဘူး"တခါတေလ ငါ လူကဲခတ် မှား သွားတာကငါ ကန်းနေလို့ မဟုတ်ပါဘူးငါ ရိုးသား ကြင်နာ တတ်လ...
09/04/2022

"လူ ချင်းတူပေမယ်.
အသိတရားရှိတာချင်း မတူပါဘူး"

တခါတေလ
ငါ လူကဲခတ် မှား သွားတာက
ငါ ကန်းနေလို့ မဟုတ်ပါဘူး
ငါ ရိုးသား ကြင်နာ တတ်လို့ပါ။

တခါတေလ
ငါ လူ ချစ်မှား သွားတာက
ငါ တုန်း အ လို့မဟုတ်ပါဘူး။
ဒီသံယောဇဉ်တွေကို
ငါ အလေးနက်ထားလို့ပါ။

တခါတေလ
ငါငိုကြွေးနေတာတွေက
ငါ ဝမ်းနည်းလို့ မဟုတ်ပါဘူး
ငါ မတရားခံရလို့ပါ။

တခါတေလ
ငါသည်းခံတာတွေက
ငါ့ မှာ အကြောင်းပြချက်
မရှိလို့မဟုတ်ပါဘူး
ငါ လုယက် ငြင်းခုန်မူကို မကြိုက်လို့ပါ။

တခါတေလမွာ
ငါ့ဘက်ကမကောင်းလို့မဟုတ်ပါဘူး။
လူ့စိတ်ဆိုတာ
ထိုးထွင်း မြင်ရတာမျိုးမှ မဟုတ်တာ။

ဒါပေမဲ့
ငါ နဂိုရှိတဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ
ငါက အမြဲထာဝရ ထိန်းသိမ်းထားမှာပါ။

စိတ်ကောင်းထားရင်
လောကကြီးက
သိပ့်လှပ တယ်ဆိုတာ လေးလေးနက်နက်
ငါ ယုံကြည်ထားပါတယ်။ အဆွေ တို့

ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြရတဲ့
သူ တွေကို ချစ်တဲ့ စိတ်နဲ့ ကြည့်ခဲ့လို့
သူတို့အားလုံးက
ချစ်စရာကောင်းပါတယ်"
လောကကြီးမှာ ချစ်ရသူရဲ့ အပြင်မှာ ဘယ်သူမှ မရှိပါဘူး

#ကြာညိုသင်း

11/27/2021

ရှင်သန်ပုံခြင်းမတူတဲ့အခါ နားလည်ပုံချင်းကွာသွားတဲ့အတွက် ပေါင်းသင်းဖို့ ခက်တဲ့လူတွေရှိတယ်။

လောကမှာ လူလူချင်း တူရင်တောင်
စိတ်ဓာတ်ချင်း မတူလို့ ရှင်သန်ခြင်းတွေ ကွဲသွားကြသေးတာပဲ။

လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဆိုတာကလည်း
လုပ်ရပ်တွေအပေါ် အခြေခံနေတာပဲမဟုတ်လား
သူ့လုပ်ရပ်တွေကို ကိုယ်သိနေပြီပဲ
ကိုယ့်ဘက်ကရှောင်နေလိုက်ပါ။

သည်းခံသင့်သလောက် သည်းခံထားတဲ့အပေါ် လိုတာထက်ပိုသွားရင် ဥပေက္ခာပြုနိုင်အောင်ကြိုးစားလိုက်ပါ။မတူတာတွေကို လိုက်တုနေရင် ကိုယ့်တန်ဖိုးပဲကျသွားလိမ့်မယ်။

သိတတ်ခြင်း၊မသိတတ်ခြင်းတွေမှာ အသက်အရွယ်တွေ၊ပညာတတ်ခြင်း၊မတတ်ခြင်းတွေနဲ့ မဆိုင်ပါဘူး။ လူပီသတဲ့ စိတ်ဓာတ်ရှိရင် အနေစုတ်နေပါစေ ရွှေထုပ်တဲ့ပဝါဖြစ်ချင်ဖြစ်နေမှာပဲလေ။ တစ်ချို့တွေကိုသိစေချင်တယ် ဘယ်လောက်ပဲ ကိုယ့်စိတ်ဓာတ်တွေကောင်းတယ်ပြောပြော ကိုယ့်လုပ်ရပ်တွေကသက်သေပြနေတာပါ။

Credit

11/27/2021

"အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ"
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️

ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
စီးဆင်းရတယ်။

လိုအပ်သူတွေက ပြုံးတဲ့အခါ ...
မလိုအပ်သူတွေက မုန်းကြမယ်။
ထိုအခါ
ကိုယ်ဟာ ... အပြုံး မပျက်စေနဲ့။

မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ ...
ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
သူတို့ရဲ့အကြောင်းတွေထက်
ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။

အကြောင်းကောင်းမှ
အကျိုးဆက်ဟာ အဖိုးထက် မှာမို့
မတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
ဘဝကို ဘေးမထိုးမိပါစေနဲ့။

အပြောတွေ ချိုသာပါ၊ ယဉ်ကျေးပါ။
စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။

စကားကိုလည်း အလွယ် မယုံမိပါစေနဲ့။
အလွယ်လည်း မပြောမိပါစေနဲ့။

သူတစ်ပါးရဲ့စကားကြောင့်
ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
ကိုယ့်ရဲ့ ဖြစ်စလွယ် စကားကြောင့်လည်း
တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။

မှန်ကန်သော အပြောဖြင့်
သတိထား ဆုံးဖြတ်နိုင်ပါစေ။

မှားသောသူ တွေ့တိုင်းလည်း
မပုတ်ခတ်မိပါစေနဲ့။
မှန်သောသူ တွေ့တိုင်းလည်း
ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။

ကိုယ်မှားရင် တောင်းပန်ပါ။
ကိုယ်မှန်ရင်လည်း အနေမှန်ပါ။

ဘဝတွေကို
ဘဝင်မြင့်သော စိတ်တွေနဲ့
မပေါင်းထည့်လိုက်ပါနဲ့။

မုန်းနေပါစေ...
ကိုယ့်မှာရှိသော စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။

ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။

သစ္စာတရားဖြင့် စကားပြော၍
မေတ္တာတရားဖြင့် လူတိုင်းကို အပြုံးပေးပါ။

ဘဝဟာ မေတ္တာတရားတွေနဲ့
အထာကျသွားရင်
နေလို့လည်း ကောင်းမယ်။
အေးလည်း အေးချမ်းမယ်။
လူတိုင်းကိုလည် အကောင်းမြင်လာမယ်။

ကိုယ့်ဘက်ကသာ
အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ
ဖြစ်လာမှာပါ။

💖💖💖💖💖

အမုန်း မဖက်
အပြုံး မပျက်
ချစ်ခင်နိုင်ကြပါစေ ...

💖💖💖💖💖

#ပညာရှိအဖိုးအို

11/19/2021

"ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ယူရတာများလာတဲ့အခါ"

လူတစ်ယောက်မှာ အသက်အရွယ်အရ
တာဝန်ယူရတဲ့အပိုင်းတွေရှိတယ်
ကျောင်းသားအရွယ်မှာ စာလုပ်ဖို့
တာဝန်ယူရတယ် ကျောင်းပြီးသွားလို့
လုပ်ငန်းခွင်ဝင်ရင် အလုပ်တာဝန်တွေယူရမယ်
မိဘဖြစ်လာရင် သားသမီးတာဝန်ယူရမယ်
ဒါမျိုး သူ့ဟာနဲ့သူအရွယ်အပိုင်းအခြားအလိုက်
တာဝန်ယူမှုလေးတွေရှိတယ်။

ဒါပေမယ့်ကျောင်းသားအရွယ်မှာ စာလုပ်ဖို့ရော
ငွေရှာတာရော မိသားစုတာဝန်ရော
တာဝန်တွေအများကြီးယူထားရတဲ့ကလေးတစ်ယောက်
လူငယ်တစ်ယောက်က အဲ့အချိန်မှာ
ဇောတစ်ခုကြောင့် သူဒီတာဝန်တွေကို
ယူကောင်း ယူထားနိုင်ပေမယ့်
externally(အပြင်ပိုင်း)ရုပ်ပိုင်းဆိုင်ရာအရ
ဘာမှ မဖြစ်ဘူးထင်ရလောက်ပေမယ့်
Internally(အတွင်းပိုင်း)စိတ်ပိုင်းဆိုင်ရာမှာ
ဒဏ်ရာရလာတတ်တယ် အသက်မဲ့လာတတ်တယ်။

အတွင်းပိုင်းမှာ ဒဏ်ရာရလာတဲ့လူတစ်ယောက်ဟာ
တော်ရုံ စကားမပြောတော့ဘူး
အလုပ်တွေပဲကုန်းရုန်းလုပ်မယ်
အပေါင်းအသင်းနည်းသွားမယ်
ရင်ဖွင့်ဖို့ သိပ်ပြီး မကြိုးစားတော့ဘူး
တစ်ယောက်တည်းပဲ ရပါတယ်အဆင်ပြေပါတယ်ဆိုပြီး
မြိုသိပ်လိုက်မယ် ကိုယ့်Feelingတွေကို
လျစ်လျူရှုလိုက်မယ်။

ဒါမျိုးတွေက များသောအားဖြင့်
မိသားစုတစ်ခုရဲ့ အရမ်းသိတတ် အရမ်းတာဝန်ကျေတတ်တဲ့သားကြီး သမီးကြီး အကြီးဆုံးသား
သမီးတွေမှာဖြစ်လေ့ရှိတယ် ချွင်းချက်အနေနဲ့
ကျွန်တော်တော့မပါဘူး
ဘာလို့ဆို ကျွန်တော်က ကျွန်တော်ကိုယ်
ကျွန်တော်သိပ်ချစ်လို့
အပေါ်က ဟာကိုပြန်ဆက်ရင် ကိုယ့်အတွက်ကိုယ်မေ့ပြီး
အနစ်နာခံကြတယ် ဖြည့်ဆည်းပေးကြတယ်
တာဝန်ကျေပေးကြတယ်ပေါ့။

ကြာလာတော့ လူကအသက်ရှင်နေသေးပေမယ့်လည်း
အတွင်းပိုင်းမှာ အသက်မဲ့လာတယ်
တစ်ခုခုဆုံးဖြတ်ချချက်တော့မယ်ဆို
ဟိုလူ့ငဲ့ရ ဒီလူ့မျက်နှာပြန်ကြည့်ရနဲ့
ကိုယ့်ဘဝတောင် ကိုယ်မပိုင်တော့နေ့ရက်မျိုးတွေပဲ
ဆက်တိုက်ကြုံလာရတော့တယ်။

"ဒီတစ်နှစ်တော့ လွှဲသွားပြန်ပြီထင်ပါတယ်
တစ်ယောက်တည်း ကြိတ်ရှက်ခဲ့တာ လူတွေမသိခဲ့"
ဦးဘိုဖြူရဲ့ ဒီသီချင်းလေးကို တော်တော်များများသိကြမှာပါ
ကိုယ့်ဘဝကို ရွေးချယ်ခွင့်မရှိတော့ဘူး
မွမ်းမံခွင့်မရှိတော့ဘူး
ဦးစားပေးခွင့်မရှိတော့ဘူး
သူများဘဝတွေကို ဦးစားပေးရတယ်
သူများဘဝတွေကို အရောင်တင်ပေးရတယ်။

မြန်မာculture(ရိုးရာ)လို့ပဲပြောရမလား
Parentingအမှားတွေလို့ပဲပြောရမလားပေါ့
အကြီးဆုံးသားသမီးတွေကို အဲ့လိုမတန်တဆ တာဝန်ယူခိုင်းတဲ့
cultureကြီးက အရှေ့တိုင်းမှာ တော်တော်အရိုးစွဲနေတာကြာပြီ။

တာဝန်နဲ့ဝတ္တရားဆိုတဲ့အတိုင်း
တာဝန်ရှိတယ် ဝတ္တရားရှိတဲ့အတိုင်းလုပ်ပေးရင်တော်ပြီ
မနိုင်ဝန်ထမ်းခိုင်းတာကျတော့
စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာပေးတာနဲ့အတူတူပဲ
လူတစ်ယောက်မှာ စိတ်သေသွားရင်
အဲ့လူအတွက် နောက်ဆက်တွဲဆိုးကျိုးတအားများတယ်။

လေဖြတ်သွားတဲ့လူတွေဆိုရင် ရောဂါထက်
သူတို့စိတ်က သေသွားတာများကြတယ်
ညဘက်တွေ ထထငိုကြတယ်
လူနာသတင်းလာမေးတဲ့ဧည့်သည်တွေလာရင်
ငိုကြတယ် ဒေါသအရမ်းကြီးတယ်
အလိုမကျ ခဏခဏဖြစ်တယ်
အဲ့တာတွေက ရုပ်ပိုင်းဆိုင်ရာထက်
အတွင်းပိုင်း အသက်မဲ့သွားလို့
စိတ်ကသေသွားလို့ ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့။

မိသားစုမှာ လုပ်ငန်းခွင်မှာ သမီးရည်းစားနှစ်ယောက်ကြားမှာ
ကိုယ်ဟာတာဝန်အရမ်းကျေချင်တဲ့သူမဖြစ်ချင်နဲ့
မလိုအပ်ပဲနဲ့လည်း တာဝန်တွေမယူပေးနဲ့
လောကွတ်မလုပ်ပေးနဲ့
ကိုယ့်အောက်က မောင်လေးက
၇နှစ်အရွယ်ရှိနေပြီ သူ့ပန်းကန်သူဆေးတတ်နေပြီဆိုဆေးခိုင်း
သူ့စောင် သူခေါက်တတ်နေပြီဆိုခေါက်ခိုင်း
မလိုအပ်ပဲ ကိုယ်က လောကွတ်လုပ်
အလိုလိုက်ပြီး တာဝန်မယူပေးနဲ့
ကလေးရှေ့ရေးအတွက်ရော ကိုယ့်အတွက်ရော
အရေးပါတယ်။

လုပ်ငန်းခွင်မှာဆိုရင်လည်း
ကိုယ်ကမန်နေဂျာဆိုပေမယ့် HRအလုပ်လည်းဝင်လုပ်ပေး
Adminပိုင်းလည်းမနေနိုင်ရဝင်ပါရ
Accountသမားတွေကိုလည်း ကူပေးရ
ဟိုအောက်ခြေသိမ်း အလုပ်တွေကိုပါ
မကြည့်ရက်လို့ဆိုပြီး တံမြက်စည်းပဲဝင်လှဲရ
လုပ်ငန်းခွင်မှာ အရမ်းခင်နေလို့ဆိုပြီးကူပေးရ
သူများထက်ပိုပြီး အခွင့်အရေးပေးရ
ဒါတွေက ကြာလာရင် ကိုယ့်မှာဝန်ပိလာတတ်တယ်
၁၀ခေါက်မှာ ၉ခေါက်လုံးလုပ်ပေးလာတာကိုမမြင်ပဲ
နောက်ဆုံးတစ်ခေါက် မလုပ်ပေးနိုင်တော့ရင်
လူတွေက မြင်တတ်ကြတယ်။

အဲ့တာလူ့သဘာဝလူ့သဘော လူ့မနောပဲ
ကိုယ်က လိုတာထက်ပိုပြီး
တာဝန်မယူပေးတတ်ဖို့လိုတယ်
မနိုင်ဝန်ထမ်းမပေးဖို့လိုတယ်
ခင်မင်မှုကို အသုံးချပြီး သူများထက်
အခွင့်အရေး ပိုလိုချင်တဲ့သူတွေကို
အလိုမလိုက်မိဖို့လိုတယ်။

အပြင်ပိုင်းက ကျန်းမာရေးကကောင်းနေပေမယ့်
ကိုယ်မသိလိုက်တဲ့အချိန်မှာတင် ကိုယ့်ရဲ့အတွင်းပိုင်း
စိတ်ကျန်းမာရေးက ထိခိုက်နေတတ်တယ်
ကိုယ်ဟာ အတွင်းပိုင်းမှာ အသက်မဲ့နေတဲ့သူ
ဖြစ်နေတတ်တယ်
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတတ်တယ်
Who am Iဆိုပြီး မေးခွန်းတွေထုတ်နေတယ်။

ဒါတွေဟာ
မနိုင်ဝန်ထမ်းရတယ် လိုတာထပ်ပိုတာဝန်ယူရတယ်
တာဝန်ကျေးပေးရတယ် လောကွတ်လုပ်ပေးနေရတယ်
ဒါတွေကြောင့် ကိုယ်က အတွင်းပိုင်းအသက်မဲ့လာတယ်
ဘယ်သူ့ကြောင့်မှမဟုတ်ဘူး
ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်
အလိုလိုက်တတဲ့စိတ်
လောကွတ်လုပ်တတ်တဲ့စိတ်
လိုတာထက်ပိုတာဝန်ကျေခြင်တဲ့စိတ်တွေကြောင့်သာ
ကိုယ်ဟာ အတွင်းပိုင်မှာ အသက်မဲ့လာရတာပါ။

ကိုယ့်ရဲ့ အတွင်းပိုင်းမှာ ကိုယ့်ရဲ့Soulက
အသက်မဲ့နေတယ်လို့ ခံစားနေရင်
ဒီပို့စ်ရဲ့ Commentမှာ ရင်ဖွင့်သွားနိုင်ပါတယ်

ချစ်တဲ့

(Min's Beauty Book)🖤



11/04/2021

ညဏ်ရှိသူဟာ ရိုးရှင်းခြင်းကို ကြိုက်တယ်။

လွပ်လပ်သူဟာ အကြွားအဝါကင်းတယ်။

ရင်ဘတ်ကျယ်ကျယ်ထားသူဟာပျော်
ရွှင်ခြင်းကို ပိုရတယ်။

မေတ္တာရှေ့ထားတတ်သူဟာ ငြိမ်းချမ်းတယ်။

လူတွေကိုများများခွင့်လွှတ်တတ်ရင်
စိတ်ဟာအေးချမ်းတယ်။

ဒေါသကိုရှေ့ထားတတ်ရင် နောင်တ
ဆိုတာ ထမ်းပိုးရတယ်။

အပေါင်းအသင်းမှားရင်
နောက်ကျောဆိုတာ ဓားထိုးခံရတယ်။

အရာရာကို ထိန်းသိမ်းနိုင်အောင်
မနေတတ်ရင် ငြိုငြင်းဆိုတာခံတတ်ရတယ်။

09/16/2021

ကလေးငယ်တစ်ယောက် ပင်လယ်အရောက်မှာ
လိူင်းခတ်သွားတာကြောင့် ဖိနပ်ပျောက်၍သွားသောအခါ
"ပင်လယ်ဟာသူခိုး"လို့
သဲပြင်မှာရေးပြီး သူစွပ်စွဲတယ်...။

တံငါသည်လင်မယား ငါးများစွာ ရတဲ့တစ်နေ့မှာ
"ပင်လယ်ဟာကျေးဇူးရှင်"ပါလို့
သဲပြင်မှာရေးပြီး ကျေးဇူးတင်တယ်...။

လူငယ်တစ်ယောက်ပင်လယ်ရောက်ပြီး
လိူင်းရေတွေကြား နစ်မြုတ်သေသွားသောအခါ
သူ့အမေက
"ပင်လယ်ဟာလူသတ်သမား"ပါလို့
သဲပြင်ထက်မှာ သူရေးခဲ့တယ်...။

မရှိဆင်းရဲသား တစ်ယောက်
ပင်လယ်အောက်မှအဖိုးတန်တဲ့ ပုလဲကို ကောက်ရတဲ့အခိုက်မှာ
"ပင်လယ်ဟာတန်ခိုးရှင်"ပါလို့
သဲပြင်ထက်မှာ တင်စားရေးခဲ့တယ်....

သူတို့ရေးထားသမျှ စာအားလုံးက
သိပ်မကြာခင်မှာပဲ
လှိုင်းရေတွေရဲ့ ပုတ်ခတ်မူ့ကြာင့်
သူ့အလိုလို ပျောက်ပျက်ခဲ့ရတယ်...။

ပင်လယ်ကသူ့ကို ဘယ်သူတွေ
ဘယ်လိုထင်ထင်
ဘယ်လိုမြင်မြင်၊ဘယ်လိုပဲတွေးတွေး
ဘယ်လိုပဲရေးရေး
ပင်လယ်က ပင်လယ်ပါပဲ..

သူ့တာဝန် သူ့သဘာဝအရပြောင်းလဲ
လည်ပတ်နေတာကလွဲလို့
သူ့အတွက် ဘာမှဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

လူ့လောကမှာလည်း ဒီလိုပါပဲလေ။
ဘယ်လိုပဲ နေနေ ဘာတွေပဲ လုပ်လုပ်
လူတို့ရဲ့နုတ်ဖျားက စကားတစ်ခွန်းနဲ့
လွတ်ကင်းသွားတယ်လို့ မရှိပါဘူး။
အမြဲတမ်းချီးမွမ်း၊ကျေးဇူးတင်၊ဝေဖန်၊ပုတ်ချ ခံနေရမှာသဘာဝပါပဲလေ။

ကြိုက်သူက အကောင်းပြောမယ်။
မကြိုက်သူက မကောင်းပြောမယ်။
လူအားလုံးရဲ့စကားကို လိုက်ပြီး ခံစားမနေပါနဲ့။

ဘယ်လောက်ထိ နာကျည်းစရာတွေနဲ့ကြုံနေပါစေ
အချိန်တန်တော့လည်း အရာရာတိုင်းဟာသူ့အလိုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြတာပဲလေ...

Address

Taylorsville, UT
84123

Alerts

Be the first to know and let us send you an email when Tha Tial chin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tha Tial chin:

Share