Sunny Ah Raw

Directions Website

Sunny Ah Raw Helping each other and growing together

10/14/2026
10/13/2026

Knowledge Sharing

10/09/2026

Good morning everyone
စိုက်ပျိုးထားတဲ့ အပင်တွေ တစိမ့်စိမ့် ကြည့်မဝ ၊ ကျွန်မ မိတ်ဆွေတွေ ကော ဘာပင်တွေ စိုက်ထားကြလဲသိချင်မိပါတယ် ၊
51K အားလုံးကို ချစ်တယ်နော် 😘

09/27/2026

ကျွန်တော့်အဒေါ် ပြောပြတာကတော့...
ရှေးခေတ်တုန်းက အိမ်တစ်အိမ်မှာ “ဒန့်သလွန်ပင်” ရှိနေပြီဆိုရင် အိမ်မှာ ဆရာဝန်တစ်ယောက် ရှိနေသလိုပဲလို သတ်မှတ်ကြတယ်တဲ့။
အထူးသဖြင့် “ဒန့်သလွန်စေ့” ကို လူကြီးမိဘတွေက မနက်ခင်းမှာ ရေနွေးနဲ့ပြုတ်ပြီး သောက်လေ့ရှိကြတယ်။ အဲဒါက ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပြီး လမ်းလျှောက်ရတာ သွက်လက်စေတယ်၊ လက်ဖျားခြေဖျား ထုံကျဉ်တာတွေကို သက်သာစေတဲ့အပြင် သွေးတွင်းသကြားဓာတ်၊ အဆီဓာတ်နဲ့ သွေးတိုးကိုပါ ထိန်းညှိပေးတယ်လို ဆိုကြတယ်။
တချိုအိမ်တွေမှာတော့ ဒါကို “ရိုးရာဒန့်သလွန်စေ့ပြုတ်ရည်” လို ခေါ်ကြတယ်။ လုပ်ရတာလွယ်ကူပြီး ကုန်ကျစရိတ်လည်း မရှိသလောက်မို မျိုးဆက်ပေါင်းများစွာ သောက်သုံးလာခဲ့ကြတာပါ။
ပြုလုပ်နည်းအလွယ်လေး
ဒန့်သလွန်စေ့ခြောက် ၅ စေ့မှ ၇ စေ့ခန့်။
ရေ ၂ ဖန်ခွက်ဖြင့် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပြုတ်ပေးပါ။
မနက်ခင်း (သိုမဟုတ်) ညအိပ်ခါနီးမှာ ခပ်နွေးနွေးလေး သောက်ပေးပါ။
အရသာကြောင့် သောက်ရခက်ပါက ပျားရည်အနည်းငယ် ထည့်လိုက်ရင် အနံ့လေးမွှေးပြီး သောက်လို ပိုကောင်းသွားပါလိမ့်မယ်။
အဒေါ်က ဆက်ပြောပါသေးတယ်... ပုံမှန်လေး အသင့်အတင့် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်က လန်းဆန်းလာပြီး အလွယ်တကူ မောပန်းတာမျိုး မဖြစ်တော့ဘူး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရှင်းစေသလို အိပ်စက်ရတာလည်း ပိုပြီး သက်သောင့်သက်သာ ရှိစေတယ်တဲ့။
ရှေးလူကြီးတွေရဲ့ ဆေးကောင်းဆိုတာ တစ်ခါတလေမှာ ကိုယ့်အနီးအနားမှာတင် ရှိနေတတ်တာပါပဲ။

Credit healthtalk #ကျန်းမာရေး #သဘာဝဆေးနည်း and General Knowledge

Address

Washington D.C., DC
20032

Alerts

Be the first to know and let us send you an email when Sunny Ah Raw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share