ဦူးဇင်းလေး

ဦူးဇင်းလေး ဦူးဇင်းလေးရဲ့ ဒကာ ဒမ တွေ သုံးလုံးချဲထီ
ပေါက်ချင်ရင် ဦူးဇင်းလေးဖုန်း 09 456 147 503 ကိုဖုန်းတိုက်ရိုက်ခေါ်ဆိုပေးပါ

ကျွန်ုပ်ရဲ့ အသစ်စက်စက် အမာခံပရိသတ်ကို အများကြီး ကျေးဇူးတင်ပါတယ်။ 💎 အေးအေးငြိမ်း, Kosai Saiသူတို့ကို သင့်အသိုင်းအဝိုင်းဆီ...
03/02/2025

ကျွန်ုပ်ရဲ့ အသစ်စက်စက် အမာခံပရိသတ်ကို အများကြီး ကျေးဇူးတင်ပါတယ်။ 💎 အေးအေးငြိမ်း, Kosai Sai

သူတို့ကို သင့်အသိုင်းအဝိုင်းဆီ ကြိုဆိုဖို့ မှတ်ချက်တစ်ခု ရေးသားလိုက်ပါ၊ @အမာခံပရိသတ်များ

03/02/2023

3.2.2023
XAU/USD(ကမ္ဘာ့ရွှေ)အဖွင့်စျေး-1911
လက်ရှိစျေး-1917ဖြစ်ပါတယ်

⛔အခုခေတ် .... တက္တူးထိုးထားတဲ့သူက      အိုက်တတ်လာတယ်... iPhone သုံးတဲ့သူတွေက      အိတ်ကပ်မရှိတော့ဘူး... စျေးကြီးနာရီပတ်ထ...
09/01/2023

⛔အခုခေတ် ....

တက္တူးထိုးထားတဲ့သူက
အိုက်တတ်လာတယ်...

iPhone သုံးတဲ့သူတွေက
အိတ်ကပ်မရှိတော့ဘူး...

စျေးကြီးနာရီပတ်ထားရင်
ခြေထောက်ခဏခဏဖုန်ခါတယ်...

ရွှေသွားတပ်ထားရင်
စကားပြောများလာကြတယ်...

အခုခေတ်မှာ လက်မထပ်တဲ့သူတွေက
လက်ထပ်ထားတဲ့အတိုင်း အတူတူနေတယ်...

လက်ထပ်ထားတယ့် သူတွေက
လက်မထပ်ထားသလိုပဲ ခွဲနေကြတယ်...

တိရစ္ဆာန်တွေက လူတွေလို အကျီင်္ဝတ်လာတယ်...
လူတွေက တိရစ္ဆာန်တွေလို
အသားတွေပေါ်လာကြတယ်...

ကလေးက လူကြီးလို ရင့်ကျက်လာတယ်..

လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်...
(နွားအို မြက်နုကြိုက်)

မိန်းကလေးက ယောက်ျားလေးလို
မိုက်ရဲလာကြတယ်.
ယောက်ျားလေးက မိန်းကလေးလို
ခြောက်လာကြတယ်...

ဆင်းရဲသားက ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်...

သူဌေးသားက အသက်အတွက်
ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်...

တိတ်တိတ်ပုန်းက မယားကြီးထက်
ပိုချစ်ပြလာကြတယ်...

မယားကြီးက စွန့်ပစ်ခံရမှာကြောက်လို့
အချိန်ပြည့် စိုးထိတ်နေကြရတယ်...

သူဌေးတွေက မမြတ်ဘူးလို့ညည်းပြီး
တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်...

လခစားတွေက လစာထုတ်ရင်ပျော်ပြီး
လုံးပါးပါးလာကြတယ်...

တဖြည်းဖြည်း နားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့
သ်ိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့
အချိန်က အတူတူပါပဲ...

ငါးရာတန်ဆေးလိပ်နဲ့ငါးသိန်းတန်ဆေးလိပ်ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ..

ပေသုံးဆယ်ပတ်လည်အိမ်နဲ့
ပေသုံးရာပတ်လည်အိမ်
အထီးကျန်ရတာခြင်းက အတူတူပဲ...

ရိုးရိုးတန်းမှစီးတာနဲ့BUSSINESS Class မှာစီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ...

တစ်နေ့သင်လည်း နားလည်လာလိမ့်မယ်
ငါတို့တကယ်လိုချင်နေတဲ့အရာတွေက
တကယ်လိုအပ်နေတာလား
ဒါမှမဟုတ်
ငါတို့ မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ
တကယ်လိုအပ်ခဲ့တာလား...

လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့
စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ
ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်လာပါလိမ့်မယ်...

သင် ဘယ်သူနဲ့နေရတာပျော်လဲ?
ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ...

လူ့အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို
ချစ်တတ် မြတ်နိုးတတ်ပါစေ......



🙋‍♂️ယနေ့(6.1.2023) ည(8:00)နဲ့ (9:30)တွင် Usနိုင်ငံရဲ့ Dataတွေ ထွက်ရှိမှာဖြစ်ပါတယ်အဲ့ဒီData​တွေ က ကမ္ဘာ့ရွှေ စျေးကိုအတက်အ...
06/01/2023

🙋‍♂️ယနေ့(6.1.2023) ည(8:00)နဲ့ (9:30)တွင် Usနိုင်ငံရဲ့ Dataတွေ ထွက်ရှိမှာဖြစ်ပါတယ်

အဲ့ဒီData​တွေ က ကမ္ဘာ့ရွှေ စျေးကိုအတက်အကျ​​ဖြစ်စေ နိုင်တာကြောင့်မို့ Traderများအနေဖြင့်သတိထားစောင့်ကြည့်ပြီးမှorderများဝင်သင့်ကြောင်းပြောလိုပါတယ်

💯ခုလိုမျိုးForexနဲ့ပက်သတ်တဲ့သတင်းတွေနဲ့ဗဟုသုတတွေကို တင်ပေးသွားမှာဖြစ်တာကြောင့်မို့ pageကိုlike & followလုပ်ထားဖို့မမေ့နဲ့နော်😉

စကားကြီး(၃)ခွန်း                      (၁)စိတ်ကောင်းထား၊(၂)လူပေါင်းမမှားနဲ့၊(၃)အရိပ်ကောင်းနားပါ။(၁)စိတ်ကောင်းထားပါ       ...
05/01/2023

စကားကြီး(၃)ခွန်း

(၁)စိတ်ကောင်းထား၊
(၂)လူပေါင်းမမှားနဲ့၊
(၃)အရိပ်ကောင်းနားပါ။

(၁)စိတ်ကောင်းထားပါ
ဘယ်သူကောင်းကောင်း၊မကောင်းကောင်းကိုယ့်စိတ်ကိုကောင်းအောင်ထားပါ။စိတ်ကောင်းစေတနာကောင်းရှိမှသင့်ဘဝကံကောင်းမယ်။
ဘယ်သူတွေဘယ်လိုစိတ်ထားထားသင့်ရဲ့စိတ်ကို
ကောင်းအောင်ထားပါ။စိတ်ကောင်းရှိသူသည်လူ
ကောင်းမည်၏။ထို့ကြောင့်ဘာတွေဘယ်လိုပဲဖြစ်ဖြစ်သင့်စိတ်ကိုအတတ်နိူင်ဆုံးကောင်းအောင်ထားပါ။

(၂)လူပေါင်းမမှားနဲ့
သင်ဟာလူထဲကလူဖြစ်နေတဲ့အတွက်လူတွေနဲ့ဆက်ဆံပေါင်းသင်းရမည်။ပေါင်းသင်းတဲ့အခါမမှားဖို့အရေးကြီးတယ်အပေါင်းအသင်းကောင်းမှဘဝကောင်းရောက်မယ်။အပေါင်းအသင်းမကောင်းရင်အပါယ်ငရဲထိရောက်တတ်သည်။
ဘုရားဟောဇာတ်တော်ကိုပြန်ကြည့်မယ်ဆိုရင်
အဇာတသတ်မင်းသားဟာအရှင်ဒေဝဒတ်ကိုဆရာတင်ပေါင်းသင်းမိသောကြောင့်နောက်ဆုံးအဖကိုသတ်ပြီးအပါယ်ငရဲသို့ရောက်သွားရသည်။ဒါကိုကြည့်
ခြင်းအားဖြင့်ပေါင်းသင်းဆက်ဆံတဲ့အခါလူပေါင်းမမှားဖို့အင်မတန်အရေးကြီးသည်။

(၃)အရိပ်ကောင်းနားပါ
အရိပ်သည်လူတစ်ယောက်ရဲ့ဘဝအမောတွေကိုပြေပျောက်စေသည်၊စိတ်ကိုအေးချမ်းစေသည်။ဒါပေမယ့်ဘယ်အရိပ်တွေဘယ်လောက်ကောင်းကောင်းသံသရာမှာအေးချမ်းဖို့အတွက်တော့
ဘုရားရိပ်၊တရားရိပ်၊သံဃာရိပ်အောက်မှာနေထိုင်မှသာလျှင်သံသရာမှာအေးချမ်း၍နိဗ္ဗာန်ကိုမျက်မှောက်ပြုနိူင်မည်ဖြစ်ပါသောကြောင့်အရိပ်ကောင်းဟူ
သောဘုရား၊တရား၊သံဃာအရိပ်မှာနားကြပါလိုမေတ္တာဖြင့်



05/01/2023

Today 5.1.2023 XAUUSD အဖွင့်ဈေးကတော့ 1854လက်ရှိ ဈေးက‌တော့ 1855ဈေးတန်းမှာဘဲ ဖြစ်ပါတယ်💁💁

ဘယ်အရာကိုမှ အထင်မသေးပါနဲ့.....မူလီတစ်ချောင်းဟာလမ်းမပေါ်ကျနေရင်အမှိုက်တစ်ခုဖြစ်နေပေမယ့်.....ဒေါ်လာသန်းချီတန်တဲ့လေယာဉ်တစ်စ...
04/01/2023

ဘယ်အရာကိုမှ အထင်မသေးပါနဲ့.....

မူလီတစ်ချောင်းဟာ
လမ်းမပေါ်ကျနေရင်
အမှိုက်တစ်ခုဖြစ်နေပေမယ့်.....

ဒေါ်လာသန်းချီတန်တဲ့
လေယာဉ်တစ်စီးအတွက်တော့
အရေးကြီးဆုံး အစိတ်အပိုင်း
တစ်ခုဖြစ်နေနိုင်ပါတယ်။

ခန္ဓာကိုယ်ကိုရင်းပြီး
လုပ်ကိုင်စားသောက်နေရတဲ့
မိန်းကလေးဆိုပြီး အထင်မသေးပါနဲ့.....

သူ့ကို လက်ဖျားနဲ့တောင်
မထိရက်လောက်အောင်
တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။

စားပွဲထိုး လုပ်နေရတဲ့
ကောင်လေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့.....

သူ့အတွက် ဘေးမသီ ရန်မခဖို့
ဘုရားမှာ ဆုတောင်းပေးနေတဲ့
အမေတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။

သူများအိမ်မှာ
အိမ်အကူလုပ်နေရတဲ့
မိန်းကလေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့....

သူ့ပြန်ပို့တဲ့ လုပ်အားခနဲ့
ပညာသင်ပြီး တစ်နေ့မှာ
တိုင်းပြည်ခေါင်းဆောင်
ဖြစ်လာနိုင်တဲ့
မောင်နှမတွေ သူ့အနားမှာ
ရှိနေနိုင်တယ်လေ။

လမ်းဘေးမှာ
အမှိုက်ကောက်နေတဲ့
ယောက်ျားပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့.....

သူ အလုပ်ကပြန်လာရင်
ဝမ်းသာအားရ ပြေးဖက်ပြီး
ခရီးဦးကြိုဆိုမယ့်
ဇနီးသည်တစ်ယောက်နဲ့
သားသမီးတွေ
သူ့မှာရှိနေနိုင်တာပဲလေ။

သူဌေးတစ်ယောက်အတွက်
မန်နေဂျာ ဘုတ်အဖွဲ့တွေ ရှယ်ယာရှင်တွေပဲ
တန်ဖိုးရှိတာမဟုတ်ပါဘူး။

ကားမောင်းပေးမယ့် ဒရိုင်ဘာတွေ
တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ
ဖိနပ်တိုက်ပေးမယ့်
အိမ်အကူတွေလည်း
သူဌေးတစ်ယောက်အတွက်
မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။

မိမိတို့ အဖက်လုပ်ပြီး
စကားမပြောချင်တဲ့
အောက်ခြေသိမ်း
အလုပ်သမားတစ်ယောက်ဟာ....

သူ့မိသားစုအတွက်တော့
အားကိုးအားထားပြုရာ
ကျေးဇူးရှင်,စံပြပုဂ္ဂိုလ်တစ်ယောက်
ဖြစ်နေနိုင်တာပဲလေ။

တန်ဖိုးဆိုတာ ကြီးကြီးသေးသေး
ပညာတတ်တတ် မတတ်တတ်
အထက်တန်းကျကျ
အောက်ခြေဖြစ်ဖြစ်
သူ့နေရာနဲ့သူ....

သူတို့ကို အစဉ်မြဲချစ်ခင်
တန်ဖိုးထားသူဆိုတာ ရှိစမြဲပါ။

ဒါကြောင့် ....

ဘယ်အရာကိုပဲဖြစ်ဖြစ်
တန်ဖိုးမထားရင် နေပါ
လေးစားတတ်ဖို့တော့လိုပါတယ်.....

04/01/2023

Today 4.1.2023 XAUUSD အဖွင့်ဈေးကတော့ 1838လက်ရှိ ဈေးက‌တော့ 1838ဈေးတန်းမှာဘဲ ဖြစ်ပါတယ်💁💁

ဒီနေ့ပြောပြချင်တဲ့ ပုံပြင်လေးကတော့" အတွေးမတူရင် အပြေးမတူဘူး "__________________________      တစ်ခါတုန်းက တောလိုက်ခွေးတစ်...
03/01/2023

ဒီနေ့ပြောပြချင်တဲ့ ပုံပြင်လေးကတော့

" အတွေးမတူရင် အပြေးမတူဘူး "
__________________________

တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာ
ယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ် ။

ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ်...။
နည်းလမ်းမျိုးစုံအောင် လှည့်ပက်လို့ပြေးတယ်...။

ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...

" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...

" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...

" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။

ဒီလိုပါပဲ ။
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။

ဒါပေမဲ့..မတူညီတာက...
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က...
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။

ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်...
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ... 💪💪💪



ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက်အပြေးမမြန်ပါဘူး။ဒါပေမဲ့ ရေထဲမှာတော့ ယုန်ထက် အကူးမြန်ပါတယ်။*** ကိုယ့်ကိုကိုယ် နေရာအထား...
02/01/2023

ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက်အပြေးမမြန်ပါဘူး။
ဒါပေမဲ့ ရေထဲမှာတော့ ယုန်ထက် အကူးမြန်ပါတယ်။

*** ကိုယ့်ကိုကိုယ် နေရာအထား မမှားပါနဲ့။

ကျီးကန်းက သိန်းငှက်ကို အတုခိုးပြီး သိုးကို သွားဖမ်းတယ်။
ကိုယ့်လက်သည်းတွေ သိုးအမွှေးမှာ ငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားလက်ချက် နဲ့ သေပွဲဝင်ခဲ့ရတယ်။

*** ငှက်တိုင်းက သိန်းငှက် မဖြစ်နိုင်ဘူး။ကိုယ့်ကို ကိုယ်သိမှ လှလှပပ ရှင်သန်နိုင်တယ်။

မြင်းက ကုလားအုတ်ကို တွေ့တော့ကုလားအုတ်ရဲ့ နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ ဆိုပြီး လှောင်ရယ်တယ်။
ကုလားအုတ်က မြင်းကို ဘာမှပြန်မပြောခဲ့ဘူး။ သဲကန္တရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တရကို ဖြတ်ကျော်နိုင်တယ်။ မြင်းက သေသွားတယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်က ရယ်တယ်။

*** တစ်ခြားသူရဲ့ ပြင်ပန်းသဏ္ဌာန်ကို မလှောင်ပြောင်မကဲ့ရဲ့ပါနဲ့။ တစ်နေ့ သင်လည်း အရယ်ခံရတတ်တယ်။

နွေရာသီမှာ ပူပြင်းလွန်းတော့ မြင်းကျားကမြစ်ဘေးမှာ ရေသွားသောက်တယ်။ ရေမြင်း ရေထဲစိမ်နေတာတွေ့တော့ သူတောင်ရေကစားနိုင်သေးတာပဲ ငါလည်း ကစားနိုင်တယ် ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။ သိပ်မကြာပါဘူး ... မိကျောင်းစားတာ သူခံလိုက်ရတယ်။

*** ခွန်အားမရှိရင် မကစားပါနဲ့ ... အရှုံးကိုသင်ခံနိုင်မှာ မဟုတ်လို့ပါ။

လေထဲမှာ သိမ်းငှက် လွတ်လွတ်လပ်လပ် ပျံသန်းနေတာကို တွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။ ငါလည်း သူ့လိုလုပ်နိုင်တယ် ဆိုပြီး အမြင့်ပေါ်တက်ခုန်ချတယ်။အတောင်ပံ နှစ်ချက် မခတ်ရသေးခင် အောက်ကျပြီး သေသွားတယ်။

*** ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင် မှာတော့ ကိုယ်မသိတဲ့အရာ၊ နယ်ပယ်ကိုမျက်ကန်းတောတိုး မစမ်းမိစေနဲ့။

Credit

⛔အေးအေးဆေးဆေး  နေပါ  ပျင်းနေရင် စာအုပ် ဖတ်ပါ  ။     ဖုန်းသုံးပါ   ။     ဟာသ တွေ ကြည့်ပါ  ။     ဘယ်သူ့အတွက်နဲ့မှ ကိုယ်ယ့်...
29/12/2022

⛔အေးအေးဆေးဆေး နေပါ

ပျင်းနေရင် စာအုပ် ဖတ်ပါ ။

ဖုန်းသုံးပါ ။
ဟာသ တွေ ကြည့်ပါ ။
ဘယ်သူ့အတွက်နဲ့မှ ကိုယ်ယ့်စိတ်ို
မလေးလံပါစေနဲ့. ။

ဘယ်သူကမှ
ကိုယ်ရဲ့
ဖျော်ဖြေ ရေး ကရိယာ
မဟုတ်ကြပါဘူး ။

သက်ရှိတွေ အပေါ်မှာ ထားတဲ့
မျှော်လင့်ချက် တွေကို
လျော့ချပါ ။

သက်မဲ့ ဝတ္ထုတွေနဲ့ မွေ့လျော်ပါ ။
သူတို့ တွေက ကိုယ့်ကို ဝေဒနာတွေ မပေးတတ်ပါဘူး ။



အဓိက က
ကိုယ် စိတ်ပျော်နေဖို့ပဲ မဟုတ်လား ပျော်စရာ တွေကို ကိုယ်တိုင် ဖန်တီး ပါ ။

သူများ ဖန်တီး ပေးမယ့် ပျော်စရာ တွေကို မျှော်လင့် မနေပါနဲ့. ။

သီချင်းတွေ နားထောင်ပါ ။
အနီးအနား က
ကိုယ့် အပေါ် ကောင်းတဲ့ သူတွေကို
ဂရုစိုက်ပါ ။
အချိန်ပေးပါ ။

ကိုယ့်ကို
အရေး မလုပ်သူတွေအတွက်
ကိုယ့် စိတ်ကို
ဒဏ် မခတ်ပါနဲ့. ။

လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာ ချည်းပါပဲ ။

မေ့သင့်တာတွေကို မေ့ပစ်လိုက်ပါ ။
ဒဏ်ရာတွေကို တသသ မွေးမြူမနေပါနဲ့ ။

စိတ်ကို စိတ်နဲ့ ကုပါ ။
ကုန်လွန်ခဲ့တဲ့ အချိန်တွေ
လုပ်ခဲ့မိတဲ့ အမှားတွေ အတွက်
နောင်တ တွေနဲ့
ပူပန် မနေပါနဲ့. ။

အမှိုက် တွေကို သိမ်းဆည်းထားသူ မဖြစ်ပါစေနဲ့. ။

ပစ္စုန်ပ္ပန် တည့်တည့် ကိုလျောက်
မျှော်လင့်ချက် တွေကို ခေါက်ထားပြီး
ရည်မှန်းချက် တွေနဲ့ ရှင်သန်ပါ ။

မျှော်လင့်ရတာ မောပါတယ်
သက်ရှိတွေ အပေါ်မှာ

မျှော်လင့် ရတာ

ပိုဆိုးပါတယ် ။

တစ်ယောက်တည်း အေးအေးဆေးဆေးနေပါ ။

ဘဝက သာယာ ပါတယ်




Address

Mandalay
Airlie Beach, QLD
4802

Telephone

+959969748889

Website

Alerts

Be the first to know and let us send you an email when ဦူးဇင်းလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share