13/04/2023
ချစ်စွဲမုန်းစွဲတွေနဲ့ မရှင်သန်ပါနဲ့
သမုဒယနယ်ကျွံတော့
ပူလောင်မှုတွေနဲ့ ကြုံကြရတယ် ။
ဒေါသနယ်ကျွံတော့
အမုန်းတရားတွေနဲ့ ရင်ဆိုင်ရတယ် ။
အလယ်အလတ်ဖြစ်တဲ့
မေတ္တာတရားကို ဗဟိုရ်ပြုလိုက်တော့
အားလုံးနဲ့ အဆင်ပြေပါတယ် ။
ခွဲကြရအုံးမယ်ဆိုတာသိရင်
သမုဒယနယ်ထဲမှာပဲ မနေမိပါစေနဲ့
ရုန်းထွက်နိုင်အောင် ကြိုးစားပါ ။
သေကြရအုံးမယ်ဆိုတာသိရင်
အမုန်းနယ်ပါယ်ထဲမှာပဲ မနစ်ပါစေနဲ့
ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ ။
ကိုယ့်ကိုယ်ကိုယ်တောင်မပိုင်တာမို့
ချစ်စွဲမုန်းစွဲဖြစ်နေကြတာဟာ
အပူတွေကို ဖက်တွယ်နေကြတာပါ ။
မပူချင် မရှုတ်ချင်ဘူးဆိုရင်
မေတ္တာတရားကို အခြေခံပြီးတော့
စေတနာအဖြူသက်သက်နဲ့ပဲ
ဘ၀ကိုရှင်သန်နိုင်ကြဖို့လိုပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏
#မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်