Celeste May

アクセス ウェブサイト

Celeste May Helping other people to build successful digital business

ကိုယ်ပိုင်လုပ်ငန်းရှိရဲ့သားနဲ့ ဘာလို့ Digital Business ကို ထပ်လုပ်ခဲ့တာလဲ...တကယ်တော့ ကျွန်မမှာ Full-time အလုပ်လည်းရှိတယ်...
30/10/2026

ကိုယ်ပိုင်လုပ်ငန်းရှိရဲ့သားနဲ့ ဘာလို့ Digital Business ကို ထပ်လုပ်ခဲ့တာလဲ...

တကယ်တော့ ကျွန်မမှာ Full-time အလုပ်လည်းရှိတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလည်း ရှိတယ်။

ဒါပေမဲ့ တစ်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းကို COVID ကပ်ရောဂါကြောင့် ပိတ်သိမ်းခဲ့ရတယ်။

အဲဒီအတွေ့အကြုံကနေ စီးပွားရေးတစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ နားလည်လာခဲ့တယ်။

မြန်မာနိုင်ငံမှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်ရင် ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေ အများကြီးရှိတယ်။

ရန်သူမျိုးငါးပါးအပြင် နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကြောင့်လည်း ကိုယ်တည်ဆောက်ထားတဲ့ လုပ်ငန်းတစ်ခုက အချိန်မရွေး ထိခိုက်သွားနိုင်တယ်။

ဝန်ထမ်းတွေကို စီမံခန့်ခွဲရတာ၊ လုပ်ငန်းလည်ပတ်မှုအတွက် နေ့စဉ်ကြီးကြပ်ရတာ၊ ကိုယ်မရှိရင် လုပ်ငန်းရပ်သွားနိုင်တာတွေကလည်း စဉ်းစားစရာတွေပါပဲ။

အဲဒီအချိန်မှာ ကျွန်မ စဉ်းစားမိတာက...

ကိုယ်ဘယ်နိုင်ငံမှာပဲ ရှိနေပါစေ ဆက်လက်လုပ်ကိုင်နိုင်ပြီး နေရာဒေသတစ်ခုတည်းအပေါ် မှီခိုစရာမလိုတဲ့ လုပ်ငန်းမျိုးကို ရှာဖွေချင်လာခဲ့တယ်။

အဲဒီလို ရှာဖွေနေတဲ့ကာလမှာ အလိမ်ခံခဲ့ရတဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့တယ်။

နောက်ပိုင်းမှာ Digital Business အကြောင်းကို သေချာလေ့လာကြည့်တဲ့အခါ ဒါဟာ စနစ်တကျ တည်ဆောက်ထားတဲ့ တရားဝင်စီးပွားရေးတစ်ခုဖြစ်တယ်ဆိုတာ သိလာခဲ့တယ်။

အထူးသဖြင့် ကျွန်မသဘောကျခဲ့တာက System နဲ့ လည်ပတ်နိုင်တဲ့အချက်ပါပဲ။

ကိုယ်တိုင်အရာရာကို လိုက်လုပ်နေရတာမျိုးမဟုတ်ဘဲ သင်ယူထားတဲ့ အသိပညာ၊ လုပ်ငန်းစနစ်နဲ့ အထောက်အပံ့တွေကို အသုံးချပြီး လည်ပတ်နိုင်တယ်။

ကျွန်မအတွက်တော့ နေ့စဉ်လုပ်ငန်းစီမံခန့်ခွဲမှုအပိုင်းမှာ အတော်လေး အဆင်ပြေခဲ့တယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီလုပ်ငန်းကို လက်ဆင့်ကမ်းနိုင်တဲ့ အနာဂတ်အလားအလာပါ။

တစ်နေ့မှာ ကိုယ်အနားယူချင်တဲ့အချိန် ရောက်လာခဲ့ရင် ကိုယ်တည်ဆောက်ထားတဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ စနစ်ကို သားသမီးတွေ၊ မိသားစုဝင်တွေကိုပါ လက်ဆင့်ကမ်းပေးနိုင်မယ်ဆိုတဲ့ အတွေးက ကျွန်မအတွက် တန်ဖိုးရှိတယ်။

ဒါကြောင့် Digital Business ကို ကျွန်မက လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ ကိုယ်ပိုင်စီးပွားရေးကို စွန့်လွှတ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။

ကိုယ့်မှာရှိပြီးသားအရာတွေကို ထိန်းသိမ်းရင်း နောက်ထပ် အနာဂတ်တစ်ခုကိုပါ တည်ဆောက်ချင်ခဲ့တာပါ။

ကျွန်မအတွက် ဒီလုပ်ငန်းဟာ Plan B တစ်ခုတည်းမဟုတ်ဘူး။ Plan C လည်း ဟုတ်တယ်။

အရာအားလုံး အဆင်ပြေနေတဲ့အချိန်မှာ နောက်ထပ်လမ်းကြောင်းတစ်ခုကို ကြိုတင်တည်ဆောက်ထားတာဟာ အပိုအလုပ်လုပ်နေတာမဟုတ်ဘူးလို့ မြင်တယ်။

ဘဝမှာ အရာရာတိုင်းက အမြဲတမ်း အဆင်ပြေနေမယ်လို့ အာမခံချက်မရှိဘူးလေ။

တစ်ခါတလေ ကိုယ့်မှာရှိတဲ့အရာတွေကို ဆုံးရှုံးသွားမှ နောက်ထပ်တစ်ခု ရှာဖွေတာထက် အဆင်ပြေနေတုန်းမှာပဲ နောက်ထပ်လမ်းကြောင်းတစ်ခု ကြိုတင်ဖန်တီးထားတာ ပိုကောင်းပါတယ်။

ဒါဟာ ကျွန်မ Digital Business ကို ရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းရင်းပါပဲ။ 💙

---

ကိုယ့်မှာ လက်ရှိအလုပ်တစ်ခု၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ရှိနေရင်တောင် အနာဂတ်အတွက် နောက်ထပ်လမ်းကြောင်းတစ်ခု တည်ဆောက်ထားဖို့ စဉ်းစားဖူးလား။

29/10/2026

🎙️ New to streaming or looking to level up? Check out StreamYard and get $10 discount! 😍

သေးငယ်တဲ့ခြေလှမ်းတွေမှာလည်း တန်ဖိုးရှိတယ်💙ဘယ်အလုပ်ပဲလုပ်လုပ် ရလဒ်ကောင်းတစ်ခုရဖို့ဆိုရင် Consistency ရှိဖို့ လိုပါတယ်။တစ်...
29/10/2026

သေးငယ်တဲ့ခြေလှမ်းတွေမှာလည်း တန်ဖိုးရှိတယ်💙

ဘယ်အလုပ်ပဲလုပ်လုပ် ရလဒ်ကောင်းတစ်ခုရဖို့ဆိုရင် Consistency ရှိဖို့ လိုပါတယ်။

တစ်ရက်တည်း အားတက်သရောလုပ်လိုက်ပြီး နောက်ရက်တွေမှာ ပျောက်သွားတာထက် တစ်နေ့ကို နည်းနည်းစီပဲဖြစ်ဖြစ် ပုံမှန်ဆက်လုပ်နိုင်တာက ပိုအရေးကြီးပါတယ်။

ဥပမာ စာလေ့လာမယ်ဆိုရင်လည်း တစ်ရက်တည်းနဲ့ စာအုပ်တစ်အုပ်လုံးဖတ်ပြီး
နောက်တစ်ပတ်လုံး မဖတ်ဖြစ်တာထက် နေ့တိုင်း အချိန်နည်းနည်းပေးပြီး
လေ့လာတာက ပိုထိရောက်ပါတယ်။

လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလည်း ဒီသဘောတရားပါပဲ။

အစပိုင်းမှာ ကိုယ်လုပ်သမျှအရာတိုင်းက ချက်ချင်းရလဒ်မပေးနိုင်ပါဘူး။
ကိုယ်ကြိုးစားနေတာကို ဘယ်သူမှ သတိမထားမိတဲ့အချိန်တွေလည်း ရှိနိုင်ပါတယ်။

ဒါပေမဲ့ ရလဒ်မမြင်ရသေးတာနဲ့ ကိုယ်လုပ်နေတဲ့အရာကို ချက်ချင်းစွန့်လွှတ်လိုက်မယ်ဆိုရင် ရှေ့ဆက်ဖို့အခွင့်အရေးကို ကိုယ်တိုင်ပိတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။

အရေးကြီးတာက အမြဲတမ်းအဆင်ပြေနေဖို့ မဟုတ်ပါဘူး။ အလုပ်များတဲ့နေ့မှာ နည်းနည်းလျှော့လုပ်မယ်၊ ပင်ပန်းတဲ့နေ့မှာ ကိုယ်နိုင်သလောက်ပဲ လုပ်မယ်။ ဒါပေမဲ့ ကိုယ့်ရည်မှန်းချက်ကိုတော့ မေ့မထားဖို့ပါပဲ။

Digital Business ကို စတင်လေ့လာနေသူတွေအတွက်လည်း ဒီအချက်က အရေးကြီးပါတယ်။ အစကတည်းက အရာအားလုံးကို ကျွမ်းကျင်နေဖို့ မလိုပါဘူး။ တစ်နေ့နည်းနည်းစီ လေ့လာ၊ လက်တွေ့လုပ်၊ လိုအပ်တာတွေ ပြန်ပြင်ရင်းနဲ့ ကိုယ့်ရဲ့အရည်အချင်းကို တည်ဆောက်သွားလို့ရပါတယ်။

မြန်မြန်သွားနိုင်တာထက် မရပ်တန့်ဘဲ ဆက်သွားနိုင်တာက တစ်ခါတလေ ပိုအရေးကြီးပါတယ်။

ဒီနေ့ ကိုယ်လုပ်နေတဲ့အရာတစ်ခုမှာ ရလဒ်မမြင်ရသေးလို့ စိတ်ပျက်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

“ငါ တကယ်ကြိုးစားနေတာလား၊ ဒါမှမဟုတ် ရလဒ်မြန်မြန်မရလို့ လက်လျှော့ချင်နေတာလား” လို့ပေါ့။

ကိုယ့်ဘဝကို ပြောင်းလဲစေမယ့် အလေ့အကျင့်ကောင်းတစ်ခုဟာ နေ့တိုင်းလုပ်တဲ့ သေးငယ်တဲ့ခြေလှမ်းလေးတွေကနေ စတင်လာနိုင်ပါတယ်။ 💙

Digital Business ကို အခြေခံကနေ စတင်လေ့လာပြီး လက်တွေ့အသုံးချနိုင်တဲ့ Skill & Knowledge တွေ တဖြည်းဖြည်း တည်ဆောက်ချင်တယ်ဆိုရင်

👉 www.celestemay.com မှာ Free Register လုပ်ပြီး အခမဲ့ Video Lessons တွေကနေ စတင်လေ့လာနိုင်ပါတယ်။

အရာအားလုံးကို တစ်ခါတည်းတတ်မြောက်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ပထမဆုံးခြေလှမ်းလေးကို စတင်ဖို့ပဲ လိုပါတယ်။ 💙

#နေ့စဉ်တိုးတက်မှု

ကျွန်မတို့ဟာ ကံဇာတ်ဆရာအလိုကျ ဘဝဇာတ်ခုံပေါ်မှာ ကပြဖျော်ဖြေနေကြရသူတွေပါ။တချို့အချိန်တွေမှာ ကိုယ်မရွေးချယ်ခဲ့ရတဲ့ အခြေအနေတွ...
28/10/2026

ကျွန်မတို့ဟာ ကံဇာတ်ဆရာအလိုကျ ဘဝဇာတ်ခုံပေါ်မှာ ကပြဖျော်ဖြေနေကြရသူတွေပါ။

တချို့အချိန်တွေမှာ ကိုယ်မရွေးချယ်ခဲ့ရတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတယ်။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါတွေလည်း ရှိတယ်။ ဘဝမှာ ဖြစ်ပျက်လာသမျှကို ကိုယ်လိုချင်သလို အမြဲတမ်းထိန်းချုပ်နိုင်တာ မဟုတ်ပါဘူး။

ဒါပေမဲ့ အဲဒီအခြေအနေတွေကြားမှာ ကိုယ့်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်ပါသေးတယ်။

တခြားသူတွေရဲ့ အတွေးအမြင်ကို လေးစားပါ။ ဒါပေမဲ့ သူများရဲ့အမြင်တွေကြားမှာ ကိုယ့်ဘဝကိုယ် ဘယ်လိုရှင်သန်ချင်တယ်ဆိုတာ မပျောက်ဆုံးသွားပါစေနဲ့။

လူတိုင်းသဘောကျမယ့်ဘဝကိုပဲ ရွေးချယ်နေရင်း ကိုယ်တကယ်လိုချင်တဲ့ဘဝကို မေ့သွားမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများသတ်မှတ်ထားတဲ့ ပုံစံခွက်ထဲမှာ ရှင်သန်နေရသလို ဖြစ်သွားနိုင်တယ်။

ကိုယ်ရွေးချယ်တဲ့လမ်းကို လူတိုင်းသဘောတူချင်မှ တူမယ်။ ကိုယ်လုပ်ချင်တဲ့အရာကိုလည်း လူတိုင်းနားလည်ပေးချင်မှ ပေးမယ်။

ဒါကြောင့် သူများရဲ့အမြင်တွေကို နားထောင်ပြီး ကိုယ်တိုင်စဉ်းစားပါ။ ကိုယ့်အတွက် မှန်ကန်တယ်လို့ ယုံကြည်တဲ့လမ်းကို ရွေးချယ်ပါ။ မှားယွင်းခဲ့ရင်လည်း ကိုယ့်အမှားကနေ သင်ယူပြီး ပြန်လည်ပြင်ဆင်တတ်ဖို့ လိုပါတယ်။

ကိုယ့်ဘဝရဲ့ ဇာတ်လိုက်ဖြစ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ်တိုင်ချမှတ်နိုင်သူ ဖြစ်ဖို့လိုတယ်။

ကိုယ့်ဘဝရဲ့ နောက်အခန်းတွေမှာ ဘာတွေဖြစ်လာမလဲဆိုတာ အပြည့်အဝမသိနိုင်ပေမဲ့ ကိုယ့်အနာဂတ်အတွက် ဒီနေ့ဘာတွေသင်ယူမလဲ၊ ဘာတွေပြင်ဆင်မလဲဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။

ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ဖို့ဆိုရင် ကိုယ်မသိသေးတဲ့အရာတွေကို လေ့လာဖို့၊ အခွင့်အလမ်းအသစ်တွေကို နားလည်ဖို့လည်း လိုအပ်ပါတယ်။

Digital Business ကို စိတ်ဝင်စားပေမဲ့ ဘယ်ကနေစရမလဲ မသိသေးဘူးဆိုရင် အခြေခံကနေ စတင်လေ့လာနိုင်ဖို့ Celeste May မှာ အခမဲ့ Video Lessons တွေ မျှဝေပေးထားပါတယ်။

ကိုယ့်အနာဂတ်အတွက် အသိပညာနဲ့ ကျွမ်းကျင်မှုအသစ်တွေ တည်ဆောက်ချင်တယ်ဆိုရင် www.celestemay.com မှာ Free Register လုပ်ပြီးလုပ်ငန်းသစ်အတွက် စတင်လေ့လာကြည့်လိုက်နော်။ 💙

#ဘဝအတွေးအမြင် #ကိုယ့်ဘဝကိုယ်တိုင်ရွေးချယ်ပါ

27/10/2026
အရိုးသားဆုံး ရှင်သန်ပါ 💙ဘဝမှာ အရာရာအဆင်ပြေနေသလို ဟန်ဆောင်နေဖို့ မလိုပါဘူး။မသိသေးတာကို မသိသေးဘူးလို့ ဝန်ခံရဲဖို့၊ မှားသွာ...
27/10/2026

အရိုးသားဆုံး ရှင်သန်ပါ 💙

ဘဝမှာ အရာရာအဆင်ပြေနေသလို ဟန်ဆောင်နေဖို့ မလိုပါဘူး။

မသိသေးတာကို မသိသေးဘူးလို့ ဝန်ခံရဲဖို့၊ မှားသွားတဲ့အခါ ကိုယ့်အမှားကို
လက်ခံရဲဖို့၊ မတတ်သေးတဲ့အရာကိုလည်း သင်ယူဖို့ အသင့်ရှိနေဖို့ လိုပါတယ်။

တစ်ခါတလေ ကိုယ့်အမှားကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ပိုကြီးတဲ့ပြဿနာတွေ
ဖြစ်လာတတ်တယ်။
ကိုယ်မဟုတ်တဲ့လူတစ်ယောက်လို ဟန်ဆောင်နေရင်းလည်း
ကိုယ့်တိုင် ပိုပင်ပန်းလာတတ်တယ်။

တကယ်တော့ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အရာရာကို သိနေတာ၊ အမြဲတမ်းမှန်ကန်နေတာနဲ့ တိုင်းတာလို့မရပါဘူး။ ကိုယ့်အားနည်းချက်ကို သိပြီး ပြုပြင်ဖို့ ကြိုးစားသလား၊ ကိုယ်ပြောတဲ့စကားနဲ့ ကိုယ်လုပ်တဲ့အလုပ် ညီညွတ်အောင် နေထိုင်သလားဆိုတာကလည်း အရေးကြီးပါတယ်။

အထူးသဖြင့် ကိုယ့်ဘဝအတွက် လမ်းသစ်တစ်ခု စတင်တဲ့အခါမှာပေါ့။ မသိသေးတာတွေ ရှိနိုင်တယ်၊ အမှားတွေလည်း လုပ်မိနိုင်တယ်။ ဒါပေမဲ့ မသိတာကို သင်ယူပြီး မတတ်သေးတာကို လေ့ကျင့်သွားမယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ တိုးတက်လာနိုင်ပါတယ်။

သူများထက် ပိုတော်တဲ့သူဖြစ်ဖို့ထက် မနေ့က ကိုယ့်ထက် ပိုကောင်းတဲ့သူဖြစ်လာဖို့ ကြိုးစားပါ။

လူတိုင်းရဲ့အမြင်မှာ ပြည့်စုံနေဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ ကိုယ့်ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူနိုင်ပြီး စိတ်အေးလက်အေး ရှင်သန်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

ရိုးသားမှုဆိုတာ သူများကို မလိမ်ညာခြင်းတင် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မလှည့်စားဘဲ ကိုယ့်အမှန်တရားနဲ့အညီ ရှင်သန်တတ်ခြင်းပါပဲ။ 💙

ကိုယ်တိုင်လည်း ဒီလိုရိုးသားစွာ ရှင်သန်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင် ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ဘယ်အချက်လေးမှာ ပိုရိုးသားဖို့ လိုနေသေးလဲဆိုတာ ပြန်စဉ်းစားကြည့်ပါနော်။
ကိုယ့်ဘဝကို ပိုကောင်းတဲ့လမ်းကြောင်းပေါ် ရောက်စေချင်တယ်ဆိုရင် ကိုယ်မသိသေးတဲ့အရာတွေကို လေ့လာဖို့လည်း မကြောက်ပါနဲ့။

Digital Business ကို အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် Celeste May မှာ အခမဲ့ Video Lessons တွေ လေ့လာနိုင်မယ့် အခွင့်အရေးရှိပါတယ်။

Skill & Knowledge တွေကို အခြေခံကနေ စတင်လေ့လာရင်း ကိုယ့်အတွက် လမ်းသစ်တစ်ခုကို စတင်စူးစမ်းကြည့်ချင်တယ်ဆိုရင်🌐 www.celestemay.com မှာ Free Register လုပ်ထားလိုက်ပါနော်။

#ရိုးသားစွာရှင်သန်ပါ #ဘဝသင်ခန်းစာ

🌕 Happy Thadingyut Full Moon Day 🪷🙏 သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မိဘဆရာသမားများနှင့် ကျေးဇူးရှင်အပေါင်းတို့အား ရိုသေစွ...
26/10/2026

🌕 Happy Thadingyut Full Moon Day 🪷
🙏 သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မိဘဆရာသမားများနှင့် ကျေးဇူးရှင်အပေါင်းတို့အား ရိုသေစွာ ဦးညွှတ်ကန်တော့အပ်ပါတယ်။
✨ မိသားစုတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
✨ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ။
✨ လိုရာဆန္ဒများ ပြည့်ဝပြီး မေတ္တာတရားအလင်းရောင်ဖြင့် ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။
သီတင်းကျွတ်အလင်းရောင်နဲ့အတူ ကောင်းခြင်းမင်္ဂလာအပေါင်း ခညောင်းကြပါစေ။ 🙏❤️
With Love,
Celeste May 💛

25/10/2026

Digital Business က လူ တိုင်း အတွက် လားးး ဆို တာ ကို May တို ့ သူ ငယ် ချငိး ၂ယောက် ဆွေး နွေး ထား ပါတရ်
စိတ် ပါ ဝငိ စားရင် လေ့ လာ ကြည့် ဖို ့ ဖိတ် ခေါ် ပါ တရ်
နော် Happy Sunday လေး ဖြစ် ပါစေ 💙💙💙

စတင်ချင်တဲ့စိတ်တော့ရှိတယ်… ဒါပေမယ့် ဘယ်ကစရမလဲ။ 💙တစ်ခုခုကို စိတ်ဝင်စားလာပြီဆိုရင် စတင်ဖို့ထက် အရင်ဆုံး ဘာလုပ်ရမလဲဆိုတာကို...
24/10/2026

စတင်ချင်တဲ့စိတ်တော့ရှိတယ်… ဒါပေမယ့် ဘယ်ကစရမလဲ။ 💙

တစ်ခုခုကို စိတ်ဝင်စားလာပြီဆိုရင် စတင်ဖို့ထက် အရင်ဆုံး
ဘာလုပ်ရမလဲဆိုတာကို တွေးရင်း အချိန်ကုန်သွားတတ်တယ်နော်။

Digital Business ကို စိတ်ဝင်စားပေမယ့် နည်းပညာပိုင်းလည်း
သိပ်မကျွမ်းသေးဘူး။
ဘယ်ကနေ စလေ့လာရမလဲ မသိသေးဘူး။
ကိုယ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေနိုင်တယ်။

တကယ်တော့ အစကတည်းက အရာအားလုံးကို သိထားဖို့ မလိုပါဘူး။

ကိုယ်မသိသေးတာကို သိအောင်လုပ်ဖို့၊ အခြေခံကနေ
စနစ်တကျလေ့လာဖို့နဲ့ သင်ယူထားတာတွေကို
လက်တွေ့အသုံးချဖို့ပဲ လိုတာပါ။

တချို့အချိန်တွေမှာ ကိုယ်အဆင်သင့်ဖြစ်တဲ့အထိ စောင့်နေမိတတ်တယ်။
ဒါပေမယ့် အဆင်သင့်ဖြစ်လာဖို့ဆိုတာလည်း စတင်လေ့လာရင်း၊
လက်တွေ့လုပ်ဆောင်ရင်းနဲ့ တဖြည်းဖြည်း တည်ဆောက်သွားရတာပါပဲ။

အခုလည်း Digital Business ကို စတင်လေ့လာဖို့ စိတ်ဝင်စားနေသူတွေအတွက် 3X Promotion က အောက်တိုဘာ ၃၁ ရက်နေ့အထိ ရှိနေပါသေးတယ်။ 💙

ဒီ Promotion ကာလအတွင်း စတင်ဖို့ စဉ်းစားနေတယ်ဆိုရင်
တစ်နှစ်ခွဲလောက်အချိန်ပေးရမယ် Level တစ်ခုကို (3ဆ) ကော်မရှင်ရမယ့်
အခွင့်အရေးရှိတယ်နော်

Digital Business ကို စိတ်ဝင်စားပေမယ့် ဘယ်ကစရမလဲ မသိသေးဘူးဆိုရင်
Celeste May ရဲ့ Website မှာ အခြေခံကနေ စတင်လေ့လာနိုင်မယ့်
Free Video Lessons တွေ ရှိပါတယ်။

ကိုယ်မသိသေးတာကြောင့် မစဖြစ်သေးဘူးဆိုရင် အရင်ဆုံး လေ့လာကြည့်လိုက်ပါ။
ကိုယ့်အတွက် ဘယ်လိုလမ်းကြောင်းက သင့်တော်မလဲဆိုတာ
ပိုပြီးရှင်းလင်းလာပါလိမ့်မယ်။ 💙

🌐 www.celestemay.com

24/10/2026

🎙️ New to streaming or looking to level up? Check out StreamYard and get $10 discount! 😍

住所

Shinjuku-ku, Tokyo

ウェブサイト

アラート

Celeste Mayが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する