MYTTA Foundation

Directions Website Contact the business

MYTTA Foundation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYTTA Foundation, 8015 17th Avenue, Brooklyn, NY.

10/29/2026

🚨 Mega Master Hearing ဆိုတာ ဘာလဲ။ ရုံးမတက်မိရင် ဘာတွေဖြစ်လာနိုင်လဲ?

ယခုအခါ လူဝင်မှုကြီးကြပ်ရေးတရားရုံးများတွင် တရားသူကြီးတစ်ဦးက အမှုသည်အများအပြားကို တစ်ချိန်တည်း စုစည်းခေါ်ယူပြီး အမှုများကို အမြန်စစ်ဆေးဆောင်ရွက်သည့် **Mega Master Hearing** များနှင့်ပတ်သက်၍ သိထားဖို့ အရေးကြီးပါတယ်။

⚠️ တရားရုံးတက်ရမည့်ရက်နှင့်ပတ်သက်၍ အကြောင်းကြားစာ မရရှိခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် တရားရုံးသို့ မတက်ရောက်မိပါက In Absentia Removal Order ဟုခေါ်သော မိမိမရှိဘဲ ချမှတ်သည့် ပြည်နှင်ဒဏ်အမိန့် ချမှတ်ခံရနိုင်ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လအတွင်း လူပေါင်း ၆၈၄ ဦးအပေါ် ယင်းကဲ့သို့ အမိန့်များ ချမှတ်ခဲ့သည်ဟု သိရှိရပါတယ်။ *(ဤကိန်းဂဏန်းကို မူရင်းသတင်းရင်းမြစ်နှင့် အတည်ပြုစစ်ဆေးရန် လိုအပ်ပါတယ်။)*

📌 ဒါဆို Mega Master Hearing အတွက် ဘယ်လိုပြင်ဆင်ထားသင့်လဲ။ ရုံးမတက်မိခဲ့ရင် ဘာတွေလုပ်ဆောင်နိုင်မလဲ။

အရေးကြီးတဲ့အချက်တွေကို သိရှိနိုင်ဖို့ ဗီဒီယိုအပြည့်အစုံကို ကြည့်ရှုလိုက်ပါ။

မိသားစုနဲ့ မိတ်ဆွေတွေ သိထားသင့်တဲ့ အချက်အလက်ဖြစ်လို့ မျှဝေပေးဖို့လည်း မမေ့ပါနဲ့။

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

10/28/2026

📢 “ဟားဗီးယက်စ် ကော်ပတ်စ်” (Habeas Corpus – H-C) ဆိုတာ ဘာလဲ?

⚖️ အာမခံငွေ (Bond) မလိုဘဲ ဖက်ဒရယ်တရားရုံးမှတစ်ဆင့် လွတ်မြောက်ခွင့်ရရန် လျှောက်ထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

💵 Bond ကတော့ တရားရုံးက သတ်မှတ်ပေးတဲ့ အာမခံငွေပမာဏကို အမေရိကန်နိုင်ငံသား (U.S. Citizen) တစ်ဦးက အာမခံပေးပြီး ငွေပေးသွင်းမှ လွတ်မြောက်ခွင့်ရနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

💰 H-C Petition လုပ်ချင်ရင် ရှေ့နေခ $5,000 ဝန်းကျင် ပေးရနိုင်ပြီး၊ သာမန် Bond ကတော့ $1,500 ဝန်းကျင်သာ ပေးရတတ်ပါတယ်။

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

10/26/2026

📢 **အခုတလော ဖမ်းဆီးခံထားရသူတွေကို Bond (အာမခံ) မပေးတော့ဘူးဆိုတာ တကယ်လား?**

ဒီသတင်းက လုံးဝမမှန်ဘူးလို့ မဆိုနိုင်သလို လူတိုင်းအတွက်လည်း အတူတူ မဟုတ်ပါဘူး။

⚖️ ဘယ်သူတွေ Bond ရနိုင်သေးလဲ၊ လက်ရှိအခြေအနေက ဘယ်လိုရှိလဲဆိုတာ သိရှိနိုင်ဖို့ ဗီဒီယိုကို အဆုံးထိ ကြည့်ရှုပေးပါ။

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

10/23/2026

မြွေမဖမ်းကြပါနဲ့မေတ္တာကကလေးများ။မေတ္တမေမေတို့ရူးတွေ့မယ်။လူ၃၀၀၊စာ၃၀၀။ ပေးတဝင်မပေးတဝက်။မပေးသူတွေဘာဖြစ်နိုင်လဲ?post ထဲခုသာဝင်ကြည့်လိုက်ပါတော့…

10/20/2026

မိမိ သို့မဟုတ် မိမိ မိသားစုဝင်တစ်ဦး ICE ဖမ်းဆီးခံရလျှင် ဘာလုပ်ရမလဲဆိုတာ သိပါသလား။
✅ ဖမ်းဆီးခံရချိန် မိမိအခွင့်အရေး
✅ ယခုကတည်းက ပြင်ဆင်ထားရမည့် အရေးပေါ်ဖိုင်
✅ ဖမ်းဆီးခံရပြီး မိသားစု လုပ်ရမည့်အဆင့်များ
✅ Bond နှင့် Bond Hearing အကြောင်း

🎓 F-1 Students with Pending Asylum: Preparing for and Responding to ICE Detention

Disclaimer: This webinar is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional

🚨 မနက်ဖြန် Webinar မလွတ်ပါနှင့်။မိမိ သို့မဟုတ် မိမိ မိသားစုဝင်တစ်ဦး ICE ဖမ်းဆီးခံရလျှင် ဘာလုပ်ရမလဲဆိုတာ သိပါသလား။✅ ဖမ်းဆ...
10/19/2026

🚨 မနက်ဖြန် Webinar မလွတ်ပါနှင့်။

မိမိ သို့မဟုတ် မိမိ မိသားစုဝင်တစ်ဦး ICE ဖမ်းဆီးခံရလျှင် ဘာလုပ်ရမလဲဆိုတာ သိပါသလား။

✅ ဖမ်းဆီးခံရချိန် မိမိအခွင့်အရေး
✅ ယခုကတည်းက ပြင်ဆင်ထားရမည့် အရေးပေါ်ဖိုင်
✅ ဖမ်းဆီးခံရပြီး မိသားစု လုပ်ရမည့်အဆင့်များ
✅ Bond နှင့် Bond Hearing အကြောင်း

🎓 F-1 Students with Pending Asylum: Preparing for and Responding to ICE Detention

မနက်ဖြန် | Tomorrow, October 20, 2026 (TUESDAY) | 5PM EST

မိမိအတွက်သာမက မိသားစုနှင့် မိတ်ဆွေများထံလည်း Share ပေးပါ။ 🙏

Disclaimer: This webinar is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional

🚩Facebook ပေါ်ကဒီကြော်ညာလေးကြောင့်လူပေါင်းများစွာစိတ်ဒုက္ခရောက်နေကြရတယ်။သေချာကြည့်ရင်မြင်နိုင်ပါတယ်။ တင်သူကဟိုးတုန်းကတင်...
10/14/2026

🚩Facebook ပေါ်ကဒီကြော်ညာလေးကြောင့်လူပေါင်းများစွာစိတ်ဒုက္ခရောက်နေကြရတယ်။သေချာကြည့်ရင်မြင်နိုင်ပါတယ်။ တင်သူကဟိုးတုန်းကတင်ခဲ့တာပြန်ပေါ်လာတာလဲဖြစ်နိုင်ပါတယ်။ဘာဘဲဖြစ်ဖြစ်ဒီကြေညာချက်ဟာ

USCIS မူဝါဒ memo PM-602-0192 ဖြစ်ပြီး ၂၀၂၅ ဒီဇင်ဘာ ၂ ရက် ကထုတ်ပြန်ခဲ့တာမို့အခုဆိုရင် ၁၀ လကျော်ပြီဖြစ်တဲ့ သတင်းဟောင်းပါ။

၂၀၂၆ ဇွန် ၅ ရက်မှာ အမေရိကန် ဖက်ဒရယ်တရားရုံးက USCIS ရဲ့ မူဝါဒလေးခုဖြစ်တဲ့ Global Asylum Hold၊ Benefits Hold၊ Comprehensive Re-Review နဲ့ Country-Specific Factors မူဝါဒတွေကို ဥပဒေနဲ့မညီဘူးဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။

⁉️Asylum သစ်တွေထပ်တင်လို့ရလား?ဆိုရင်
ရပါတယ်။ ဒီ memo ကတောင်မှ လျှောက်လွှာတင်တာကို မတားခဲ့ပါဘူး၊ ဆုံးဖြတ်ချက်ချတာကိုသာ ရပ်ထားခဲ့တာပါ။ ဒါ့အပြင် immigration court မှာ စစ်ဆေးနေတဲ့ အမှုတွေက USCIS ရဲ့ hold အောက်မှာ မပါခဲ့လို့ တရားသူကြီးတွေက asylum ဆက်ပေးနိုင်ခဲ့ပါ
တယ်။

⁉️အောင်ပြီးသားသူတွေအပေါ် သက်ရောက်မှုကရော?
မြန်မာနိုင်ငံက PP 10949 စာရင်းထဲမှာ ပါတဲ့အတွက် memo ရဲ့ အချက် ၃ (၂၀၂၁ ဇန်နဝါရီ ၂၀ နောက်ပိုင်း ဝင်လာပြီး approve ရပြီးသားသူတွေကို ပြန်စစ်ဆေးခြင်း) က မြန်မာတွေကို တိုက်ရိုက်သက်ဆိုင်ခဲ့ပါတယ်။ ပြန်စစ်တယ်ဆိုတာ အလိုအလျောက် ရုပ်သိမ်းတာ မဟုတ်ပါဘူး၊ interview ပြန်ခေါ်နိုင်တာမျိုးပါ။ သတိထားရမှာက တချို့သတင်းရင်းမြစ်အရ အယူခံအမှု ဆက်လက်စစ်ဆေးနေစဉ်အတွင်း USCIS က Comprehensive Re-Review မူဝါဒကို ပြန်လည်ကျင့်သုံးခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် green card, naturalization စတာတွေ တင်ထားရင် interview ခေါ်ခံရနိုင်တာ ဖြစ်နိုင်ပါတယ်။

⁉️Interview ခေါ်ရင် ဘာလုပ်မလဲ?
အမှန်အတိုင်း ဖြေနိုင်အောင် စာရွက်စာတမ်းတွေ စနစ်တကျ ပြင်ဆင်ပါ။

🚩ကိုယ့်အမှုအခြေအနေကို uscis.gov မှာ အမြဲစစ်ပါ။ ကိုယ့်အခြေအနေနဲ့ ပတ်သက်ရင် လိုင်စင်ရ immigration ရှေ့နေ ဒါမှမဟုတ် အခမဲ့ ဥပဒေအကူအညီပေးအဖွဲ့နဲ့ တိုင်ပင်ပါ။ ပြီးတော့ ရက်စွဲမပါတဲ့ သတင်းတွေကို ဘယ်တုန်းကလဲ?ဆိုတာ စစ်ပြီးမှ စိုရိမ်ပါ။

❤️အခုလို အခြေအနေမှာ ကြောက်ရွံ့နေတဲ့ ကိုယ့်လူမျိုးတွေကို မှန်ကန်တဲ့ သတင်းနဲ့ စိတ်အေးစေဖို့ အရေးကြီးပါတယ်။ ဥပဒေအကြံပေးချက်မဟုတ်ဖဲယနေ့အထိ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို မျှဝေတာပါ။
စိတ်ဆင်းရဲရတာတွေများလွန်းလိုနည်းနည်းလေးဖြစ်ဖြစ်စိတ်ချမ်းသာကြပါစေ။ ကိုယ့်တာဝန်
ကိုယ်ကြပါ။AFF feeတွေပေးကြပါ။လိုအပ်တဲ့Amendment တွေလုပ်ဖိုိ့မိမိရှေနေတွေနဲ့တိုင်ပင်ပါ။
မေတ္တာမှာတော့ကျောင်းသားတယောက်လေဆိပ်
မှာဖမ်းဆီးခံရပြန်ပြီ။
မေတ္တာခလေးဖြစ်စရာမလိုပါ။
ဘယ်သူမဆိုလိုအပ်ကချက်ခြင်းဖုန်းခေါ်ပါ။
🩵မေတ္တာများဖြင့်
💜မေတ္တာအဖွဲ့

10/14/2026

မေတ္တာသိူ့ရှေနေ Vincent အမည်ဖြင့်စာအစောင်ရေ(၇၀)ကျော်တရက်ထဲရောက်လာပါသည်။ နှစ်စဉ်ကြေးအျားပေးရန်ဖြစ်သည်။
မပေးရျ်တရားရုံးတင်ခြင်း၊ဖမ်းဆီးခြင်းများကာကွယ်ရန်မေတ္တာသိုအမြန်ဆက်သွယ်ကြပါ…

10/10/2026

🚨 လေဆိပ်တွင် ICE နှင့်တွေ့ပါက မိမိ၏အခွင့်အရေးများကို သိထားပါ။

အမေရိကန်လေဆိပ်များတွင် ICE ၏ စစ်ဆေးမေးမြန်းမှု သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းမှုများကို ကြုံတွေ့ရနိုင်ပါသည်။ ကြိုတင်သိထားခြင်းက အရေးကြီးပါသည်။

✅ လုပ်သင့်သည်များ
• တည်ငြိမ်စွာနေပါ။ ကိုယ်ထိလက်ရောက် မခုခံပါနှင့်။
• “ကျွန်တော်/ကျွန်မ ထွက်ခွာခွင့်ရှိပါသလား” (Am I free to leave?) ဟု မေးနိုင်ပါသည်။
• မေးခွန်းများကို မဖြေလိုပါက နှုတ်ဆိတ်နေပိုင်ခွင့်ကို အသုံးပြုနိုင်ပါသည်။
• ရှေ့နေနှင့် ဆွေးနွေးလိုကြောင်း ပြောပါ။

❌ မလုပ်သင့်သည်များ
• မမှန်သောအချက်အလက်များ မပေးပါနှင့်။
• နားမလည်သောစာရွက်စာတမ်းများကို လက်မှတ်မထိုးပါနှင့်။
• အရာရှိများကို မခုခံပါနှင့်၊ ထွက်ပြေးရန် မကြိုးစားပါနှင့်။

⚠️ သတိပြုရန်: လေဆိပ်နှင့် နယ်စပ်စစ်ဆေးရေးနေရာများတွင် သက်ဆိုင်သည့် စည်းမျဉ်းများ ကွာခြားနိုင်ပါသည်။ ဖမ်းဆီးထိန်းသိမ်းခံရပါက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုင်စင်ရရှေ့နေထံ အကူအညီတောင်းခံပါ။

📢 မိမိ၏အခွင့်အရေးများကို သိထားပါ။ မိသားစုနှင့် မိတ်ဆွေများလည်း သိရှိနိုင်ရန် မျှဝေပေးပါ။

MYTTA Foundation | Know Your Rights

ဤအချက်အလက်သည် ပညာပေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီး ဥပဒေအကြံဉာဏ်မဟုတ်ပါ။

10/09/2026

🚨 လေဆိပ်များတွင် ICE မှ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ သတိပြုရန် မိမိ၏အခွင့်အရေးများကို သိထားပါ။

အမေရိကန်လေဆိပ်များတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများ ကြုံတွေ့ရနိုင်သဖြင့် မြန်မာမိသားစုများအနေဖြင့် မိမိ၏အခွင့်အရေးများကို ကြိုတင်သိရှိထားရန် အရေးကြီးပါသည်။

📌 သတိပြုလိုက်နာသင့်သည့် အချက်များ

🔹 မည်သည့်အခြေအနေတွင်မဆို အေးဆေးတည်ငြိမ်စွာ နေထိုင်ပါ။ အရာရှိများကို ကိုယ်ထိလက်ရောက် ခုခံခြင်း မပြုပါနှင့်။

🔹 မိမိ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေအပေါ် မူတည်၍ အခွင့်အရေးများ ကွာခြားနိုင်ပါသည်။ နားမလည်သော စာရွက်စာတမ်းများကို လက်မှတ်မထိုးမီ ရှင်းလင်းချက်နှင့် ဥပဒေအကြံဉာဏ် ရယူပါ။

🔹 မမှန်ကန်သော အချက်အလက်များကို မပေးပါနှင့်။ မသေချာသော မေးခွန်းများကို ဖြေဆိုရာတွင် သတိထားပါ။

🔹 ဖမ်းဆီးခံရပါက ရှေ့နေနှင့် တိုင်ပင်လိုကြောင်း ပြောဆိုနိုင်ပါသည်။ မိမိ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းများနှင့် အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို လုံခြုံစွာ သိမ်းဆည်းထားပါ။

⚠️ အရေးကြီးချက် လေဆိပ်တွင် မေးမြန်းစစ်ဆေးခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့သည် အခြေအနေအလိုက် ကွာခြားပါသည်။ မိမိ၏အမှုအခြေအနေနှင့် သက်ဆိုင်သော အကြံဉာဏ်အတွက် လူဝင်မှုကြီးကြပ်ရေးရှေ့နေနှင့် တိုင်ပင်ပါ။

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

#မြန်မာအသိုင်းအဝိုင်း

Address

8015 17th Avenue
Brooklyn, NY
11214

Opening Hours

Monday 10am - 6pm
Tuesday 10am - 6pm
Wednesday 10am - 6pm
Thursday 10am - 6pm
Friday 10am - 6pm

Alerts

Be the first to know and let us send you an email when MYTTA Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYTTA Foundation:

Shortcuts

Share

Nearby businesses