09/04/2026
Jim Rohn ရဲ့ video ကို ကြည့်ရင်း တော်တော် သဘောကျမိတဲ့ စကားတစ်ခု။ သဘောကျတယ် ဆိုတာထက် ကိုယ့်ဟာကို ပြန်သုံးသပ်ရမယ်လို့ စိတိကလေး ဝင်သွားတဲ့ အချိန်ပေါ့။
"Be aware of who you are becoming while pursuing who you want to become.”
ကိုယ်ဖြစ်ချင်တာတွေဖြစ်လာဖို့ ကြိုးစားနေတဲ့အချိန်မှာ
ကိုယ်ဘယ်လိုလူတစ်ယောက် ဖြစ်လာနေသလဲဆိုတာကိုလည်း သတိထားပါ။” တဲ့။
အောင်မြင်ချင်တာကောင်းပါတယ်။
ပိုက်ဆံပိုရချင်တာ၊ ပညာပိုတတ်ချင်တာ၊ ကိုယ့်ဘဝကို ပိုကောင်းအောင်တည်ဆောက်ချင်တာလည်း ကောင်းပါတယ်။
ဒါပေမယ့် အဲဒီအရာတွေရဖို့ ကြိုးစားရင်းနဲ့
ကိုယ့်ရဲ့တန်ဖိုးတွေ၊ ကိုယ့်ရဲ့စိတ်ထား၊ ကိုယ့်ရဲ့မိသားစုနဲ့ ကိုယ့်ရဲ့လူသားဆန်မှုတွေကို မပျောက်ဆုံးစေပါနဲ့။
ဥပမာ
- အောင်မြင်ချင်လွန်း လို့ မရိုးမသား လုပ်မိတာမျိုး။
- ချမ်းသာချင်လွန်းတော့ ပိုက်ဆံကို အာရုံထားရင်း ကိုယိ့ရဲ့ တန်ဖိုးရှိတဲ့ relationship တွေ ဆုံးရှုံးသွားတာမျိုး။
- Strong ဖြစ်အောင် ကြိုးစားရင်း ရိုင်းသွားတာမျိုး။
ဘာဖြစ်လာချင်လဲဆိုတာထက်
အဲဒီလမ်းကိုလျှောက်ရင်း ဘယ်လိုလူတစ်ယောက် ဖြစ်လာနေသလဲဆိုတာက ပိုအရေးကြီးပါတယ်။
အောင်မြင်မှုကို ရှာဖွေရင်း
ကိုယ့်ကိုယ်ကို မဆုံးရှုံးပါစေနဲ့။ ❤️
(ပုံကတော့ AI ပုံတွေ မသုံးချင်တော့လို့ ကိုယ့်ပုံကိုယ်ထည့်)
Khin S Latt, EA
KS Tax & Business Services