Susan & Htoo

Directions Website Contact the business

Susan & Htoo Digital Business Mom 💻
❤️Helping busy moms build online income & more family time.

Mom of 2 👩‍👧‍👦 | Sushi Chef 🍣 | Building freedom for my family 🏡🧑‍🧑‍🧒‍🧒
Sign up for free info at www.susanhtoo.com

11/04/2026

Welcome Back to our Business Live Talk (Q & A ) Session!

Digital Business live talk !လေ့လာချင်တယ်ဆိုရင် www.susanhtoo.com မှာ Name & Email မှာ registered လုပ်ပြီး အခမဲ့ စတင်လေ့လ...
11/04/2026

Digital Business live talk !
လေ့လာချင်တယ်ဆိုရင်
www.susanhtoo.com မှာ Name & Email မှာ registered လုပ်ပြီး အခမဲ့ စတင်လေ့လာလို့ရပါတယ်နော်
See you all 🙏🏻

🌿 အမြင်မတူတာဟာ ရန်သူဖြစ်ဖို့ အကြောင်းပြချက်မဟုတ်ပါဘူး…လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်...
11/02/2026

🌿 အမြင်မတူတာဟာ ရန်သူဖြစ်ဖို့ အကြောင်းပြချက်မဟုတ်ပါဘူး…

လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေ ရှိကြပါတယ်။

နိုင်ငံရေးအမြင် မတူတာရှိနိုင်တယ်။
(eg. R? D? ခုတစ်လော ရန်ဖြစ်နေတာတွေ့ရတယ်)
ဘာသာရေးခံယူချက် မတူတာလဲရှိနိုင်တယ်။
( eg. Halloween ကို Christian အနေနဲ့ မကျင်းပသင့် အဲလိုတွေ့ရတယ်)

လူမျိုး၊ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေလည်း ကွဲပြားနိုင်တယ်။

ဒါတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြတဲ့ သဘာဝတရားတွေပါပဲ။

အမြင်မတူတာကြောင့် ရန်ဖြစ်စရာ မလိုပါဘူး။
ကိုယ်ယုံကြည်တာကို လွတ်လပ်စွာ ခံယူခွင့်ရှိသလို သူတစ်ပါးရဲ့ ခံယူချက်ကိုလည်း လေးစားပေးတတ်ဖို့ လိုပါတယ်။

ကိုယ့်အမြင်နဲ့ မတူတိုင်း မှားတယ်လို့ သတ်မှတ်ခြင်းထက် သူ့နေရာကနေ ဘာကြောင့် ဒီလိုတွေးသလဲဆိုတာ နားလည်ပေးဖို့ ကြိုးစားကြည့်ရအောင်။

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ နိုင်ငံရေးအမြင်၊ ဘာသာရေး၊ လူမျိုးနဲ့ မဆုံးဖြတ်သင့်ပါဘူး။

ကျွန်မတို့အားလုံးမှာ တူညီတဲ့အရာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ လူသားတစ်ယောက်ဖြစ်ခြင်းပါပဲ။

💚 အဆိုးမြင်စိတ်တွေထက် အကောင်းမြင်စိတ်တွေကို ရွေးချယ်ကြရအောင်။
💚 ဝေဖန်တိုက်ခိုက်ခြင်းထက် နားလည်ပေးခြင်းကို ရွေးချယ်ကြရအောင်။
💚 ကွဲပြားမှုတွေကြားမှာ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရအောင်။

အမြင်မတူလို့ ဝေးကွာသွားစရာ မလိုပါဘူး။ အမြင်မတူပေမဲ့ အပြန်အလှန်လေးစားပြီး အတူတကွ ရှေ့ဆက်လို့ ရပါတယ်။

ကမ္ဘာကြီးမှာ အမုန်းတရားတွေ ပိုများလာဖို့ထက် နားလည်မှု၊ မေတ္တာနဲ့ ငြိမ်းချမ်းမှုတွေ ပိုများလာဖို့ ကျွန်မတို့တစ်ဦးချင်းစီက စတင်ကြိုးစားကြရအောင်ပါ။ 🙏❤️





🎃👻 Happy Halloween! 🧡🖤ဒီနေ့လေးမှာ သားသားမီးမီးတို့နဲ့အတူ Halloween ရဲ့ ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့ပါတယ်။ 🥰ချစ်စရ...
11/01/2026

🎃👻 Happy Halloween! 🧡🖤

ဒီနေ့လေးမှာ သားသားမီးမီးတို့နဲ့အတူ Halloween ရဲ့ ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့ပါတယ်။ 🥰

ချစ်စရာ Costume လေးတွေဝတ်ပြီး အိမ်တစ်အိမ်ဝင်တစ်အိမ်ထွက် Trick or Treat လုပ်ရင်း 🍬🍫 သကြားလုံးလေးတွေ စုဆောင်းကြ၊ ရယ်မောပျော်ရွှင်ကြနဲ့ ကလေးတို့ရဲ့ အမှတ်တရညလေးတစ်ညပါပဲ။

ကလေးဘဝရဲ့ ဒီလိုပျော်ရွှင်စရာအချိန်လေးတွေကို ဖေဖေ၊မေမေတို့လည်း အတူတူဖန်တီးပေးနိုင်တာ ပျော်စရာပါပဲ။ ❤️

(သမီးလေးကတော့ ဓာတ်ပုံရိုက်ရင် pose မျိုးစုံပေးတတ်လွန်းလို့ ၊ သားသားကတော့ ပတ်ပြေးနေတာ😬)

Happy Halloween Everyone! 🎃🕸️

#🎃🕸 ‼️🤗

10/31/2026

Fall Season အတွင်း အိမ်ရှေ့ခြံနဲ့ အိမ်နောက်ဖေးက သစ်ရွက်ကြွေတွေကို လာရှင်းပေးတဲ့ Fall Leaf Cleanup Service တွေလဲ ရှိပါတယ်။ ကျမတို့ကတော့ ကိုယ့်ဘာကို လုပ်တယ်။
သစ်ရွက်တွေကို လှည်းပေးတာ၊ လေမှုတ်စက်နဲ့ စုစည်းပေးတာ၊ အိတ်ထဲထည့်ပေးတာနဲ့ အမှိုက်အဖြစ် သယ်ယူသွားပေးတာတွေကို ဝန်ဆောင်မှုအလိုက် ရွေးနိုင်ပါတယ်။
ဈေးနှုန်းအကြမ်းဖျင်းကတော့ — $100 အထက်ရှိတယ်
ဈေးနှုန်းက ခြံအရွယ်အစား၊ သစ်ရွက်ပမာဏပေါ်မူတည်တယ်
အခမဲ့ သစ်ရွက်သိမ်းပေးတဲ့ Town Service ၊Fall Leaf Collection အစီအစဉ်တစ်ကြိမ်တော့ရှိတယ် ။ သတ်မှတ်ထား တဲ့အချိန်အတွင်း အိမ်ရှေ့ curb နားမှာ သစ်ရွက်တွေကို စုပုံထားရင် Town က လာသိမ်းပေးတဲ့ အစီအစဉ်ရှိပါတယ်။ 

10/30/2026

Topic: Understanding Digital Business & How to Get Started

1)Digital Business ဆိုတာ ဘယ်လိုစီးပွားရေးပုံစံမျိုးလဲ။ သမားရိုးကျစီးပွားရေးတွေနဲ့ ဘယ်လိုကွာခြားမှုတွေရှိပြီး Online Digital Business တစ်ခုကို လက်တွေ့မှာ ဘယ်လိုလုပ်ကိုင်ရတာလဲ။( Ma Thet)

2)Digital Business တစ်ခုကို လုပ်ကိုင်ခြင်းအားဖြင့် ဝင်ငွေအခွင့်အလမ်းအပြင် အချိန်၊ နေရာ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝတိုးတက်မှုအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။
( Mary)

3)Digital Business ကို စိတ်ဝင်စားပေမဲ့ အတွေ့အကြုံမရှိသေးသူ၊ နည်းပညာမကျွမ်းကျင်သေးသူတစ်ယောက်အနေနဲ့ ဘယ်ကနေစတင်လေ့လာသင့်သလဲ။ စတင်ဖို့ ဘယ်လိုအဆင့်တွေကို ဖြတ်သန်းရမှာလဲ။
(Susan)

4)ဒီ Digital Business က ဘယ်လိုလူမျိုးတွေအတွက် သင့်တော်တဲ့ စီးပွားရေးအခွင့်အလမ်းဖြစ်နိုင်သလဲ။ ဘယ်လိုစိတ်နေသဘောထား၊ ရည်မှန်းချက်နဲ့ အချိန်ပေးနိုင်မှုရှိဖို့ လိုအပ်သလဲ။ ဘယ်လိုလူမျိုးတွေအတွက်တော့ မသင့်တော်နိုင်ဘူးလဲ။
( Kelly )

5)Digital Business ကို စတင်လုပ်ကိုင်သူတွေအတွက် Step-by-Step Training, Mentorship, Coaching နဲ့ Community Support တွေက လုပ်ငန်းကို နားလည်ပြီး ကိုယ်တိုင်လုပ်ကိုင်နိုင်ဖို့ ဘယ်လိုကူညီပေးသလဲ။ ( Hnin Han)

⏰ဒီနေ့ည ၁၀ နာရီ digital business live talk ရှိမှာဖြစ်ပါတယ်💁‍♀️လေ့လာချင်ပါက www.susanhtoo.com မှာ Name & Email ကို regist...
10/29/2026

⏰ဒီနေ့ည ၁၀ နာရီ digital business live talk ရှိမှာဖြစ်ပါတယ်

💁‍♀️လေ့လာချင်ပါက www.susanhtoo.com မှာ Name & Email ကို registered လုပ်ပြီး အခမဲ့ စတင်လေ့လာလို့ရပါတယ်နော်

🙏 အလုပ်များတဲ့နေ့ရက်တွေကြားမှာလည်း ဘုရားသခင်အတွက် အသက်ရှင်နေဖို့ မမေ့ပါနဲ့။🍣နေ့တိုင်း ဆူရှီအလုပ်သွားလုပ်ရတယ်…🧑‍🧒‍🧒အိမ်ပြ...
10/28/2026

🙏 အလုပ်များတဲ့နေ့ရက်တွေကြားမှာလည်း ဘုရားသခင်အတွက် အသက်ရှင်နေဖို့ မမေ့ပါနဲ့။

🍣နေ့တိုင်း ဆူရှီအလုပ်သွားလုပ်ရတယ်…
🧑‍🧒‍🧒အိမ်ပြန်ရောက်တော့လည်း ကလေးငယ်နှစ်ယောက်ကို ပြုစုစောင့်ရှောက်ရတယ်…
💻ကိုယ့်ရဲ့အနာဂတ်နဲ့ မိသားစုအတွက် Digital Business ကိုလည်း အားတဲ့အချိန်လေးတွေမှာ ကြိုးစားလုပ်ကိုင်ရတယ်…
💒ဒါ့အပြင် ဘုရားကျောင်းမှာလည်း စာရင်းစစ်အဖြစ် တာဝန်ယူပြီး အသင်းတော်အတွက် ကိုယ့်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆက်ကပ်ခဲ့ပါတယ်။

တစ်ခါတလေ ပင်ပန်းတဲ့အချိန်တွေ ရှိတယ်။
အရာရာကို တာဝန်ယူရင်း ကိုယ့်အတွက်တောင် အချိန်မရှိတဲ့နေ့တွေ ရှိတယ်။

ဒါပေမဲ့ ကျွန်မ ယုံကြည်ထားတာတစ်ခုရှိပါတယ်။ ❤️

ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ကပ်ခြင်းဟာ အားလပ်ချိန်မှ လုပ်ရမယ့်အရာမဟုတ်ပါဘူး။ နေ့စဉ်ဘဝရဲ့ အလုပ်များတဲ့အချိန်တွေထဲမှာတောင် ဘုရားသခင်ကို ဦးစားပေးဖို့ ကြိုးစားခြင်းပါပဲ။

မိသားစုကို ပြုစုစောင့်ရှောက်ခြင်း၊ ကိုယ့်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ အသင်းတော်အတွက် ကိုယ့်တတ်နိုင်သလောက် ပါဝင်အမှုတော်ဆောင်ခြင်းတွေဟာလည်း ဘုရားသခင်ကို ချစ်တဲ့နှလုံးသားကနေ စီးဆင်းလာပါတယ်။

ကျွန်မဟာ ပြည့်စုံတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ပေးထားတဲ့ တာဝန်တွေကို သစ္စာရှိစွာ ထမ်းဆောင်ရင်း ကိုယ်တော်နဲ့အတူ ဆက်လျှောက်ချင်တဲ့သူတစ်ယောက်ပါ။

ကျွန်မရဲ့ ခွန်အားဟာ ကိုယ့်အစွမ်းအစတစ်ခုတည်းက လာတာမဟုတ်ပါဘူး။ ဘုရားသခင်ပေးတဲ့ ကျေးဇူးတော်နဲ့ ခွန်အားကို နေ့တိုင်း မှီခိုဖို့ လိုအပ်ပါတယ်။

📖 “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။”
-ကော​လော​သဲ 3 : 23

— ကောလောသဲ ၃:၂၃

ဒီနေ့ ကျွန်မကိုယ်ကျွန်မ သတိပေးချင်တာက—

✨ အလုပ်လုပ်တဲ့အခါ သစ္စာရှိပါ။
❤️ မိသားစုကို ချစ်ခြင်းမေတ္တာနဲ့ ပြုစုပါ။
🙏 ဘုရားသခင်အတွက် ဆက်ကပ်ခြင်းကို မမေ့ပါနဲ့။
🌱 ကိုယ့်အိပ်မက်တွေအတွက်လည်း ယုံကြည်ခြင်းနဲ့ ကြိုးစားပါ။

ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေနဲ့အတူ ဒီနေ့လည်း ကိုယ်တော်ပေးထားတဲ့ တာဝန်တွေကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ကြပါစေ။ 🙏❤️


Digital Business က ဘယ်သူတွေအတွက်လဲ? 🤔💻💁‍♀️အိမ်ရှင်မတွေလား?🤰ကလေးအမေတွေလား?👨‍🍳အလုပ်တစ်ဖက်နဲ့ အပိုဝင်ငွေရှာချင်သူတွေလား?🤷‍♂...
10/28/2026

Digital Business က ဘယ်သူတွေအတွက်လဲ? 🤔💻

💁‍♀️အိမ်ရှင်မတွေလား?
🤰ကလေးအမေတွေလား?
👨‍🍳အလုပ်တစ်ဖက်နဲ့ အပိုဝင်ငွေရှာချင်သူတွေလား?
🤷‍♂️နည်းပညာမကျွမ်းကျင်သေးသူတွေလား?

တကယ်တော့ သင်ယူလိုစိတ်ရှိသူတိုင်း စတင်လေ့လာနိုင်ပါတယ်။ ❤️

ကိုယ်တိုင်လည်း ကလေး ၂ ယောက်ကို ပြုစုစောင့်ရှောက်ရင်း Sushi Chef အလုပ်ကို အချိန်ပြည့်လုပ်ကိုင်နေတဲ့အတွက် အချိန်ရဲ့တန်ဖိုးကို ကောင်းကောင်းနားလည်ပါတယ်။

ဒါကြောင့် အားလပ်ချိန်လေးတွေကို အသုံးချပြီး Digital Business ကို လေ့လာလုပ်ကိုင်နေပါတယ်။ 🌱

အရေးကြီးတာက အစကတည်းက အရာအားလုံးတတ်ကျွမ်းနေဖို့ မဟုတ်ပါဘူး။ သင်ယူဖို့ စိတ်ရှိပြီး တစ်ဆင့်ချင်း လက်တွေ့လုပ်ဆောင်ဖို့ပါပဲ။

ကိုယ့်မိသားစုအတွက် အချိန်ပိုရချင်တယ်၊ Digital Skill တွေ သင်ယူချင်တယ်၊ Online Business အကြောင်း ပိုမိုသိရှိချင်တယ်ဆိုရင် စတင်လေ့လာကြည့်လို့ရပါတယ်။

💬 Digital Business အကြောင်း ပိုမိုသိချင်ရင် “LEARN” လို့ Comment ရေးခဲ့ပါ။

ကိုယ်နဲ့သင့်တော်မသင့်တော် အရင်လေ့လာကြည့်ရအောင်။ ❤️
(ဒီပုံမှာ digital business လုပ်နေရင်း သမီးလေး လာပြီးစစ်ဆေးနေပုံ 🤭)


10/28/2026

Digital Business Live talk!
(www.susanhtoo.com)
1.Digital စီးပွားရေးနဲ့ အောင်မြင်ချင်တဲ့သူတွေအတွက် အရေးကြီးဆုံး လိုက်နာရမယ့် အချက် (၃) ချက်ကို ပြောပြပေးပါ။ (Hnin)
2.Digital business လုပ်ကို င်တာ ဒီနေ့အထိ စိတ်အကျေနပ်ဆုံးနဲ့ အဖိုးအတန်ဆုံး ရလဒ်က ဘာဖြစ်မလဲ? (May)
3.အလုပ်မအားတဲ့သူတွေ အတွက် ဒီ Digital Business က ဘယ်လိုမျိုး အချိန်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်အောင် ကူညီပေးနိုင်မလဲ? (Susan)

Address

East Hartford, CT
06118

Alerts

Be the first to know and let us send you an email when Susan & Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Susan & Htoo:

Shortcuts

Share

Nearby businesses